အင်းဝ ကိုရောက်ခဲ့တယ်...
၁၁-ရက်နေ့က ကျတော်ရယ်၊ ကိုသခင်ကြီးရယ်၊ ဘုဃံနက်ရယ် ၃-ယောက်သား ဆိုင်ကယ် ၂-စီးနဲ့ အင်းဝမြို့ဟောင်းကို ချီတက်ခဲ့တယ်... ၁၀-နာရီ ၁၀-နာရီခွဲလောက် အင်းဝကို ရောက်တယ် ထင်တာပဲ... အဲဒီမှာ ရှေးဟောင်း ဘုရားပျက်တွေ အများကြီးပဲ၊ ရှုခင်းတွေလည်း လှတယ်... စားသောက်ဆိုင်တော့ နည်းနည်းရှားတယ်... ရေသန့် ဝယ်သောက်ချင်တာတောင် ရောင်းတဲ့ဆိုင် မရှိဘူး... မယ်နုအုဉ်ကျောင်းမှာ ရှိတယ် ဆိုတာနဲ့ အဲဒီကို ချီတက်ပြီး ရေတဝသောက်ပြီး နေ့လယ်စာစားပြီး တရေးတမော ဇိမ်ယူဖြစ်တယ်... အင်းဝမှာ ဓာတ်ပုံတွေ ရိုက်ဖြစ်ကြတယ်... အပေါ်ကပုံက ရိုက်ဖြစ်တဲ့ထဲက တစ်ပုံပေါ့... exposure မတူတဲ့ ပုံ ၃-ပုံကို ပေါင်းပြီး HDR ဖြစ်အောင် လုပ်ထားပါတယ်... ပုံ ၃-ပုံကို ပေါင်းထားတဲ့အတွက် တိမ်တွေက အထပ်လေးတွေ ဖြစ်နေရတာပါ...
အဲဒီဘုရားက ဘီလူးရုပ်တွေကို ရိုက်ခဲ့တာပါ... ဘုရား အမည်တောင် မဖတ်ခဲ့မိဘူး...
My labels: မြန်မာ, မန္တလေး, ဗမာ , အင်းဝ, အဝ, အင်းဝ, အ၀, Ava, Innwa, Ancient City, Mandalay, Myanmar, Burma, Burmese, Photo

Comments