Skip to main content

Post title နောက်မှာ ပုံလေးတွေ ထည့်ကြမယ်...

ကျတော် အခု အနည်းငယ် ပြင်ထားတဲ့ template design မှာ Post title ရဲ့ နောက်မှာ နောက်ခံပုံ ကနုတ်လေးထည့်ထားပါတယ်... အဲဒါမျိုး ပုံတွေကို ထည့်ချင်တယ် ဆိုရင်...
ပထမဆုံး လုပ်ရမှာက post title နောက်မှာ ထည့်မယ့် ပုံကို အရင် ဖန်တီးထားပါ... ဖန်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ... ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ... ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး post h3 ကိုရှာပါ... post h3 ရဲ့ css code ထဲမှာ အောက်က ဖော်ပြတဲ့ စာကြောင်းလေး ကို ထပ်ထည့်ပေးပါ...

background-image: url( URL ADDRESS );

ဥပမာ မူရင်းရှိနေတဲ့ post h3 ရဲ့ css code က အောက်က အတိုင်း ဆိုပါတော့....
.post h3 {
margin:.25em 0 0;
padding:0 0 4px;
font-size:140%;
font-weight:normal;
line-height:1.4em;
color:#ffcc66;
}

အဲဒီ code တွေထဲကို post title ရဲ့ နောက်မှာ ပုံပေါ်မယ့် css code ထည့်ဖြည့်ထားပါတယ်... အောက်မှာ နမူနာ ကြည့်ပါ...
.post h3 {
margin:.25em 0 0;
padding:0 0 4px;
font-size:140%;
font-weight:normal;
line-height:1.4em;
color:#ffcc66;
background-image: url( URL ADDRESS );
}
သုံးထားတဲ့ template ပေါ်မူတည်ပြီး post title ဟာ .post h3 မဟုတ်ဘဲ အခြားဟာများလဲ ဖြစ်နိုင်ပါတယ်...

ရက်စွဲကို လည်း ကျတော် တပ်ထားတဲ့ အတိုင်း လုပ်ချင်တယ်ဆိုရင်...
ရက်စွဲနောက်မှာ ခံချင်တဲ့ ပုံကို အရင် ဖန်တီးပါ... ဖ
န်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ... ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ... ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး h2.date-header ကိုရှာပါ... h2.date-header မူရင်း css code တွေကို copy ကူးပြီး သိမ်းထားပါဦး... မူလ css code တွေ နေရာမှာ အောက်မှာ ဖော်ပြထားတဲ့ css code တွေနဲ့ အစားထိုးလိုက်ပါ...
h2.date-header {
font-family: "ZawGyi-One", ZawgyiOne, Zawgyi1;
font-size: 10px;
float: right;
width: 56px;
height:48px;
background-image: url( URL ADDRESS );
color: #E6E6E6;
text-align: center;
margin-top: 1em;
margin-right: 1em;
margin-bottom: 1em;
margin-left: 1em;
font-weight: normal;
}

URL ADDRESS ကို တော့ ပုံတင်ထားတဲ့ လိပ်စာပြောင်းပေးပါ... ဥပမာ မိမိ ပုံတင်ထားတဲ့ URL ADDRESS က http://img210.imagevenue.com/img.php?image=55095_IMG044_122_414lo.JPG ဆိုပါတော့...
background-image: url(http://img210.imagevenue.com/img.php?image=55095_IMG044_122_414lo.JPG); လို့ ပြောင်းပေးပါ...

My Labels: CSS, template, how to

Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...