gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်...
၁၄-ရက်နေ့က ဟောပြောပွဲကို ရောက်သွားတယ်... ရတနာပုံဈေး မီးမလောင်ခင်ကတည်းက YCC (MICT)မှာ လုပ်မယ်လို့ ကြေငြာထားတဲ့ပွဲပေါ့... ရတနာပုံဈေးကြီးမီးလောင်တော့ MICT လည်းပါသွားရော လုပ်စရာနေရာ ပျောက်သွားလို့ လမ်း-၈၀ ပေါ်က ခန်းမ တစ်ခုမှာလည်း လုပ်မယ်ဆိုပြီး သွားငှားတော့ ခန်းမတော့ ငှားပါရဲ့ သတင်းစာတွေ ဘာတွေမှာ ကြော်ငြာခွင့် မပေးဘူးတဲ့ဗျာ... အဲဒါနဲ့ နောက်ဆုံး မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ခန်းမကိုရောက်သွားရော... နေရာကို လူသိနည်းသွားလို့ ထင်ပါရဲ့ဗျာ လာတက်တဲ့သူ နည်းတယ်... လူလာနည်းပေမယ့် ကျတော့်အတွက်တော့ ပညာတွေ ရလိုက်တဲ့ ပွဲတစ်ပွဲပါ... ဟောပြောပွဲမှာ ဝမ်းနည်းစွာ သိလိုက်ရတဲ့ အချက်တစ်ချက်က မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်း EC အဖွဲ့ဝင် တဝက်လောက် စလုံးကို ထွက်သွားကြပြီတဲ့...

ဒါနဲ့ စကားမစပ်...
ပြီးခဲ့တဲ့ တပတ်က ရပ်ကွက်ရုံးနဲ့ ရဲ့စခန်းမှာ ထောက်ခံစာသွားယူတာ ထူးဆန်းတယ်ဗျ... လက်ဖက်ရည်ဖိုး မတောင်းဘူး... အသံတောင် မဟဘူး... လုပ်အားပေး ပုံစံ လုပ်နေရတဲ့ ရယကရုံးမှာတောင် လက်ဖက်ရည်ဖိုး မတောင်းဘဲ ဘာဖြစ်လို့ လခရတဲ့ ရုံးတွေက လက်ဖက်ရည်ဖိုးတောင်းနေရတာလဲ မသိဘူး... လခတွေ တိုးပေးထားရဲ့သားနဲ့... ဪ... ကလေးတွေလည်း ကျောင်းက ကိုယ့်ဆရာမဆီမှာ ဘာဖြစ်လို့ ကျူရှင် ပြန်တက်နေရတာ လည်း မသိဘူး...

ဒါနဲ့ စကားမစပ်...
မန္တလေးက လူသွားလူလာ များတဲ့ မီးပွိုင့်တွေမှာ လမ်းဖြတ်ကြော်ငြာတွေ များမှ များဗျာ... ကြော်ငြာတွေ စိတ်ဝင်စားတဲ့ ကျတော်တော့ ဘယ်တော့ ကားတိုက်၊ ဆိုင်ကယ် တိုက်ခံရမလဲ မသိဘူး... အဲဒီ ကြော်ငြာတွေ မော့မော့ ဖတ်မိနေလို့လေ... တချို့ လမ်းဖြတ်ကြော်ငြာတွေဆိုရင် မီးပွိုင့် နဲ့ ပေ ၅၀ အကွာလောက်က ကြည့်ရင် မီးပွိုင့်ကိုတောင် မမြင်ရအောင် ဖုံးကွယ်နေတယ်...

My labels: Myanmar News, Mandalay News, သတင်း, အတင်း

Comments

Chan Mya Soe said…
မန်းလေးလည်း ကြော်ငြာမြို့တော် ဖြစ်တော့မယ်ထင်တယ် ကိုတုံရေ။ လုပ်ငန်းစမှာဖြင့် စတော့ဗျာ :) ဟဲဟဲ
Dr. Yi Yi Win said…
မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ခန်းမကလူသိနည်းပေမဲ့ ဒီကဆရာဝန်
တွေအားလုံးတော့သိကြပါတယ် ကိုမောင်လှရေ။ အပြင်လူတွေတော့သိတာနည်းမယ်။
နည်းဆို ကြော်မှ မကြော်ငြာပဲကို။ ကြော်ငြာရင်လည်း မီးပွိုင့်တွေမမြင်ရပဲဖြစ်ကုန်မှာစိုး
လို့ ထင်ပါရဲ့။
Seminar လူလာနည်းသွားတာရယ်၊ ဒီလောက လူတွေ စလုံးကိုထွက်ကုန်ကြတာရယ်
အတွက်တော့စိတ်မကောင်းပါဘူး။ နောက်လည်း သတင်းလေးတွေတင်ပေးဦးနော်။
Khin said…
ကြော်ငြာကမိန်းမပုံဆိုရင်တော့ ကားတွေတိုက်နိုင်ပါတယ်။
MYO HAN HTUN said…
ညစဉ်ညတိုင်း တရုပ်သိုင်းကား ဇာတ်လမ်းတွဲတွေကြည့်တတ်ကျတဲ့ လူမျိုးတွေ အများစုနေထိုင်တဲ့ ကျုပ်တို့မြို့ကြီးက ပေါက်ဖော်ကလေးလေးတွေ နေ့ခင်းကျောင်းတတ်ချိန်မှာ အိပ်ငိုက်နေကြလို့ .. လွတ်သွားတဲ့ စာတွေကို ကျူရှင်မှာ ပြန်တတ်ကျတာပဲ နေမှာပါ .. ဟီး
Ye said…
After Sep affairs, more and more myanmar are coming to SG because they think they would lost their future in MM. It's like a shock. At the same time SG change the way they recruit talent ones from neighbor countries.

Ad