Skip to main content

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်...
၁၄-ရက်နေ့က ဟောပြောပွဲကို ရောက်သွားတယ်... ရတနာပုံဈေး မီးမလောင်ခင်ကတည်းက YCC (MICT)မှာ လုပ်မယ်လို့ ကြေငြာထားတဲ့ပွဲပေါ့... ရတနာပုံဈေးကြီးမီးလောင်တော့ MICT လည်းပါသွားရော လုပ်စရာနေရာ ပျောက်သွားလို့ လမ်း-၈၀ ပေါ်က ခန်းမ တစ်ခုမှာလည်း လုပ်မယ်ဆိုပြီး သွားငှားတော့ ခန်းမတော့ ငှားပါရဲ့ သတင်းစာတွေ ဘာတွေမှာ ကြော်ငြာခွင့် မပေးဘူးတဲ့ဗျာ... အဲဒါနဲ့ နောက်ဆုံး မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ခန်းမကိုရောက်သွားရော... နေရာကို လူသိနည်းသွားလို့ ထင်ပါရဲ့ဗျာ လာတက်တဲ့သူ နည်းတယ်... လူလာနည်းပေမယ့် ကျတော့်အတွက်တော့ ပညာတွေ ရလိုက်တဲ့ ပွဲတစ်ပွဲပါ... ဟောပြောပွဲမှာ ဝမ်းနည်းစွာ သိလိုက်ရတဲ့ အချက်တစ်ချက်က မန္တလေးတိုင်း ကွန်ပျူတာပညာရှင်အသင်း EC အဖွဲ့ဝင် တဝက်လောက် စလုံးကို ထွက်သွားကြပြီတဲ့...

ဒါနဲ့ စကားမစပ်...
ပြီးခဲ့တဲ့ တပတ်က ရပ်ကွက်ရုံးနဲ့ ရဲ့စခန်းမှာ ထောက်ခံစာသွားယူတာ ထူးဆန်းတယ်ဗျ... လက်ဖက်ရည်ဖိုး မတောင်းဘူး... အသံတောင် မဟဘူး... လုပ်အားပေး ပုံစံ လုပ်နေရတဲ့ ရယကရုံးမှာတောင် လက်ဖက်ရည်ဖိုး မတောင်းဘဲ ဘာဖြစ်လို့ လခရတဲ့ ရုံးတွေက လက်ဖက်ရည်ဖိုးတောင်းနေရတာလဲ မသိဘူး... လခတွေ တိုးပေးထားရဲ့သားနဲ့... ဪ... ကလေးတွေလည်း ကျောင်းက ကိုယ့်ဆရာမဆီမှာ ဘာဖြစ်လို့ ကျူရှင် ပြန်တက်နေရတာ လည်း မသိဘူး...

ဒါနဲ့ စကားမစပ်...
မန္တလေးက လူသွားလူလာ များတဲ့ မီးပွိုင့်တွေမှာ လမ်းဖြတ်ကြော်ငြာတွေ များမှ များဗျာ... ကြော်ငြာတွေ စိတ်ဝင်စားတဲ့ ကျတော်တော့ ဘယ်တော့ ကားတိုက်၊ ဆိုင်ကယ် တိုက်ခံရမလဲ မသိဘူး... အဲဒီ ကြော်ငြာတွေ မော့မော့ ဖတ်မိနေလို့လေ... တချို့ လမ်းဖြတ်ကြော်ငြာတွေဆိုရင် မီးပွိုင့် နဲ့ ပေ ၅၀ အကွာလောက်က ကြည့်ရင် မီးပွိုင့်ကိုတောင် မမြင်ရအောင် ဖုံးကွယ်နေတယ်...

My labels: Myanmar News, Mandalay News, သတင်း, အတင်း

Comments

Chan Mya Soe said…
မန်းလေးလည်း ကြော်ငြာမြို့တော် ဖြစ်တော့မယ်ထင်တယ် ကိုတုံရေ။ လုပ်ငန်းစမှာဖြင့် စတော့ဗျာ :) ဟဲဟဲ
Dr. Yi Yi Win said…
မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) ခန်းမကလူသိနည်းပေမဲ့ ဒီကဆရာဝန်
တွေအားလုံးတော့သိကြပါတယ် ကိုမောင်လှရေ။ အပြင်လူတွေတော့သိတာနည်းမယ်။
နည်းဆို ကြော်မှ မကြော်ငြာပဲကို။ ကြော်ငြာရင်လည်း မီးပွိုင့်တွေမမြင်ရပဲဖြစ်ကုန်မှာစိုး
လို့ ထင်ပါရဲ့။
Seminar လူလာနည်းသွားတာရယ်၊ ဒီလောက လူတွေ စလုံးကိုထွက်ကုန်ကြတာရယ်
အတွက်တော့စိတ်မကောင်းပါဘူး။ နောက်လည်း သတင်းလေးတွေတင်ပေးဦးနော်။
Khin said…
ကြော်ငြာကမိန်းမပုံဆိုရင်တော့ ကားတွေတိုက်နိုင်ပါတယ်။
MYO HAN HTUN said…
ညစဉ်ညတိုင်း တရုပ်သိုင်းကား ဇာတ်လမ်းတွဲတွေကြည့်တတ်ကျတဲ့ လူမျိုးတွေ အများစုနေထိုင်တဲ့ ကျုပ်တို့မြို့ကြီးက ပေါက်ဖော်ကလေးလေးတွေ နေ့ခင်းကျောင်းတတ်ချိန်မှာ အိပ်ငိုက်နေကြလို့ .. လွတ်သွားတဲ့ စာတွေကို ကျူရှင်မှာ ပြန်တတ်ကျတာပဲ နေမှာပါ .. ဟီး
Ye said…
After Sep affairs, more and more myanmar are coming to SG because they think they would lost their future in MM. It's like a shock. At the same time SG change the way they recruit talent ones from neighbor countries.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...