gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

What are you thinking at the moment?

အခုဘာတွေ စဉ်းစားနေလဲ ဟုတ်စ...
အေးအေး လူလူနေပြီး ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရမယ်၊ လခလည်း ကောင်းမယ်၊ facilities လည်း ကောင်းမယ့် အလုပ်မျိုးမှာ လုပ်ချင်နေတယ်... ဒီအင်တာနက်ကြီးက နှေးလို့ Bgan ၀ယ်တပ် ပေးပါဆိုရင် ချက်ချင်း ၀ယ်တပ်ပေးမယ်... BaganNET connection မှာသုံးဖို့ ကွန်ပျူတာ တစ်လုံး၊ MPT connection နဲ့သုံးဖို့ ကွန်ပျူတာ တစ်လုံး၊ Bgan connection နဲ့သုံးဖို့ ကွန်ပျူတာ တစ်လုံး၊ အွန်လိုင်း တီဗီကြည့်ဖို့ ကွန်ပျူတာ တစ်လုံး၊ အိမ်မှာ သမီး DVD ကြည့်ဖို့ laptop တစ်လုံးရယ်၊ အိမ်မှာ ညစိတ်ကူးပေါက်လာရင် အလုပ်လုပ်ဖို့ အင်တာနက်လိုင်း တစ်လိုင်း လိုချင်ပါတယ်လို့ ပြောလိုက်ရင် ချက်ချင်း ရော့ ကြိုက်တာ ၀ယ်ဆိုပြီး ပိုက်ဆံတွေပေးမယ့် သူဌေးမျိုး ရရင် ကောင်းမယ် လို့ စဉ်းစားနေမိတယ်... အင်း အသံမထွက်တဲ့ မီးစက်မျိုးရရင် လိုချင်သေးတယ်...
ကျတော် အခုကိုင်နေတဲ့ Nikon D60 လေး battery မကောင်းတော့လို လဲချင်လို့ပါ သူဌေးလို့ သွားပြောတာနဲ့ battery လဲမနေနဲ့တော့ အခု နောက်ဆုံးပေါ်နေတဲ့ Nikon D300 နဲ့ ရှိသမျှ lens အကုန်၊ flash အမျိုးအစားအကုန်၊ လိုအပ်သမျှ သွားဝယ်ချေလို့ ငွေပါပေးပြီး သွားဝယ် ခိုင်းမယ့် သူဌေးမျိုး ရရင် ကောင်းမယ် လို့ စဉ်းစားနေမိတယ်...
သူဌေးရေ... ဦးနှောက်တွေ ညစ်လာလို့ ဘာလီကျွန်းမှာ ၁-ပတ်လောက် သွားဆေးချင်တယ်ဆိုရင် ရော့ချက်ချင်းသွားဆိုပြီး ငွေထုတ်ပေးမယ့် သူဌေးမျိုး ရရင် ကောင်းမယ် လို့ စဉ်းစားနေမိတယ်...
လျှောက်ပြီးတော့သာ စဉ်းစားနေရတယ်... ဘယ် သူဌေးမှ အဲဒီလို လုပ်ပေးလိမ့်မယ် မထင်ဘူး...


My labels: တွေးမိတွေးရာ, အရူးချီးပန်း

Comments

Burma Withness said…
Dear Mg Hla or U Hla or Ko Hla,
First, I like your blog and your style of writing. I am wishing you all the best and pray for you to achieve what you want to acheive in your life.Peace, Ingar

Ad