Skip to main content

ရတနာပုံဈေး မီးလောင်နေခြင်း... (Mandalay News)


ရတနာပုံဈေးမှာ မီးလောင်နေတယ်... အခုအချိန်အထိ မငြိမ်းနိုင်သေးဘူး... ဘယ်အချိန်က စလောင်နေတာလဲတော့မသိပါ... ကျတော် ရုံးလာတော့ မီးခိုးတွေ တွေ့လို့ကြည့်လိုက်တော့ ရတနာပုံဈေး အပေါ်ထပ် ဖြစ်နေတယ်... ရတနာပုံဈေး အပေါ်ဆုံးထပ် အရှေ့ဘက်ခြမ်းလို့ ပြောကြတာပဲ... ရတနာပုံဈေးမှာ မြေညီထပ်မှာ ရတနာပုံဈေး၊ ပထမထပ်မှာ Skywalk shopping mall ၊ ဒုတိယထပ်မှာ ကုန်သည်ကြီးများ အသင်း၊ MCC ၊ ဓာတ်ပုံအသင်းများ၊ Relax စားသောက်ဆိုင်၊ တတိယထပ်မှာ MICT park၊ စတ္ထုထပ်မှာ Ray World Office တို့ရှိပါတယ်... ဓာတ်ပုံကြည့်လိုပါက NativeMyanmar Forum ရဲ့ မန္တလေး သတင်း တော့ပစ်အောက် မှာ သွားကြည့်နိုင်ပါတယ်...


10:50AM : အခုအချိန်အထိ လောင်နေတုန်းပါ... မန္တလေး ကွန်ပျူတာလောက ကြီးတော့ သွားတော့မယ် ထင်ပါတယ်...

11:50AM : 11း40 နာရီ ခန့်ကရိုက်ကူးထားသည့် ဓာတ်ပုံ

Update 11:56AM: NativeMyanmar Forum မန္တလေး သတင်းတော့ပစ်အောက်တွင် အခြားသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်နိုင်ပါသည်။

My labels: Mandalay News, Fire Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Comments

Unknown said…
ကျေးဇူးပဲ ကိုထင်လင်းအေးရေ .. အပ်ပဒိတ်သတင်းလေးတွေ သိရရင်လည်း ထပ်ပြီး တင်ပေးပါဦး ဓါတ်ပုံတွေလည်း တင်ပေးပါဦး
ရတနာပုံဈေးမီးလောင်တာ စိတ်မကောင်းစရာပဲ ကျွန်တော်တို့ မန်းလေးမှာ မီးအကြီးအကျယ်မလောင်တာ ကြာပြီပဲ
ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး
MYO HAN HTUN said…
စိတ်မကောင်းပါဘူး ဗျာ .. မိတ်ဆွေ အများစုက အဲဒီဈေးကို မှီပြီး အရောင်းအဝယ်တွေလုပ်နေတာရယ် .. ကွန်ပျူတာလုပ်ငန်းတွေ လုပ်နေတာရယ်ကြောင့်ပါ။

ကိုတိုး
ကိုမောင်လှ

မီးလောင်တဲ့ ဓာတ်ပုံ လေးတွေတင်ပေးပါအုံး။တော်တော် များသလား ကြည့်ချင်လို့ပါ။
Yan said…
စိတ်မကောင်းစရာပဲ ကိုမောင်လှရေ...

မြန်မြန်လေး ငြိမ်းနိုင်ပါစေဗျာ...
ကိုမောင်လှရေ
Native Myanmar ရဲ့ဖိုရမ် လင့်ကလေး ပေးပါဦးဗျ
မန္တလေးက ဒီနှစ်တော့ ဈေးဦးပေါက် လောင်ပြီပေါ့
Myo Kyaw Htun said…
မန္တလေးမှာ ပြစရာဆိုလို့ ဒါလေးရှိတာ။ စိတ်မကောင်းဘူးဗျာ။ :(
Ba Kaung said…
မန္တလေး ICT မီး http://www.burmafication.org/2008/02/mandalay-ict-under-fire.html
ကိုမောင်လှ ရေ ၊ ကျွန်တော် လည်း မန္တလေး က မဟုတ် ပေမယ့် စိတ်မကောင်းပါ ဘူး ဗျာ ။
Chan Mya Soe said…
ခေတ်ကမှ မကောင်းရတဲ့ထဲ မီးက ထ လောင်တယ်ဗျာ။ လေတယ်။ မန်းလေး ကွန်ပျူတာလောကနဲ့ လူငယ်တွေအတွက်တော့ သွားပါပြီဗျာ

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install