ကိုသခင်ကြီးတို့ မိသားစု၊ သခင်စိုးကြီး၊ သတင်းထောက် ၁-ယောက်နဲ့ ကျတော်တို့ မိသားစု တတွေ ၈၄-လမ်းအတိုင်း တောင်ဘက် စူးစူးကိုသွားပြီး မန္တလေးနဲ့ တောင်မြို့ကြားမှာ ရှိတဲ့ ၁၃၀၀ ရာပြည့် အရေးတော်ပုံတုန်းက ကျဆုံးခဲ့တဲ့ အာဇာနည် ၁၇-ဦး ဗိမာန်ကို ဓာတ်ပုံဝင်ရိုက်ပြီး ဦးပိန် တံတားကို သွားခဲ့ကြတယ်...
အာဇာနည် ဗိမာန်ကိုတော့ နောက်နေ့များမှပဲ တင်ပါ့မယ်... ဒါမှမဟုတ် ကိုသခင်ကြီး ဆီမှာသွားကြည့်ပါ ခင်ဗျာ... ကိုသခင်ကြီး တင်ထားပါတယ်... အောက်က ပုံ ၂-ပုံကတော့ ကျတော် မနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေထဲကပေါ့... ဦးပိန်တံတားကြီး၊ တောင်သမန်အင်းကြီး အမှိုက်များနဲ့ ဖုံးလွှမ်းစေရမည် လို့များ ကြွေးကျော်ထားလားတော့ မသိဘူးခင်ဗျ... ပေါများလှတဲ့ အမှိုက်တွေ...

အမှိုက်တွေနဲ့ စည်စည်ကားကားရှိနေတဲ့ မယ်ဇယ်ပင်တန်း... ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ လာကြတဲ့ ဦးပိန်တံတားနားက မယ်ဇယ်ပင်တန်းပေါ့... ညာဘက်အခြမ်းမှာ တောင်မြင့် သုသန်နဲ့ အမှိုက်ပုံကြီး ရှိတယ်ခင်ဗျ... နိုင်ငံခြားငွေ ရှာမှာလား... အမှိုက်ပုံလုပ်ကြမှာလား...
အိမ်ပြန်ချိန်
Comments
my gandparents are from mandalay.
I miss my country so much as I am so far away now.
looking for clues in your blog. Thank you.
မေမြန်မာရေ...
ပထမဦးဆုံး ကျေးဇူးတင်ကြောင်း ပြောပါရစေ... mac book အတွက် ဇော်ဂျီ လက်ကွက် အကြောင်းကို http://www.pkblogs.com/edwardwitten/2007/10/zawgyi-myanmar-keyboard-for-mac-os-x.html မှာ ဖတ်ရှုနိုင်ကြောင်းပါ...
http://brain-and-beauty.blogspot.com/
http://kingpeacock.blogspot.com/
ဒေါင်းမင်း