Skip to main content

Windows XP စတက်တဲ့ အချိန်မှာ...

Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SYSTEM
------------------------ or ------------------------------
Windows XP could not start because the following file is missing or corrupt:
\WINDOWS\SYSTEM32\CONFIG\SOFTWARE

အပေါ်က ပြထားတဲ့ error တစ်ခုခု ပေါ်ပြီး Windows မတက်ခဲ့ရင် ဒီလိုဖြေရှင်းလို့ရပါတယ်...
၁. Windows XP installation CD ထည့်ပြီး boot လုပ်ပါ...
၂. Welcome to Windows XP Setup ဆိုတာ ပေါ်လာရင် Recovery Console ကို သွားဖို့ အတွက် R ကို နှိပ်ပါ...
၃. Recovery Console ဆိုတာ ပုံတွေနဲ့ပြတဲ့ GUI မဟုတ်ဘဲ Command Line Interface ပါ... Recovery Console ကိုရောက်ပြီဆိုရင်
၎. md tmp ရိုက်ထည့်ပြီး Enter နှိပ်ပါ... tmp ဆိုတဲ့ အမည်နဲ့ folder အသစ် တစ်ခု တည်ဆောက်တာပါ...
၅. \WINDOWS\SYSTEM32\CONFIG\SYSTEM ဆိုတဲ့ error ပြတာဆိုရင်တော့  copy c:\windows\system32\config\system c:\windows\tmp\system.bak ရိုက်ပြီး Enter နှိပ်ပါ... c:\windows\system32\config\ အောက်မှာရှိတဲ့ system ဆိုတဲ့ ဖိုင်ကို ကျတော်တို့ အဆင့်-၄ မှာ တည်ဆောက်ခဲ့တဲ့ tmp ဆိုတဲ့ folder အောက်ကို system.bak ဆိုတဲ့ နာမည်နဲ့ copy ကူးထည့်လိုက်တာပါ...
\WINDOWS\SYSTEM32\CONFIG\ SOFTWARE ဆိုတဲ့ error ပြတာဆိုရင်တော့  copy c:\windows\system32\config\software c:\windows\tmp\ software.bak ရိုက်ပြီး Enter နှိပ်ပါ...
၆.  delete c:\windows\system32\config\system ရိုက်ထည့်ပြီး Enter နှိပ်ပါ... မူလရှိနေတဲ့ system ဖိုင်ကို ဖျက်လိုက်တာပါ... SOFTWARE error ပေးနေတာဆိုရင်တော့ system နေရာမှာ software လို့ပြောင်းပေးပါ...
၇. copy c:\windows\repair\system c:\windows\system32\config\system ရိုက်ပြီး Enter နှိပ်ပါ... ဒါလေးက ဘာလုပ်တာလဲ ဆိုရင်တော့ c:\windows\repair\ အောက်မှာရှိတဲ့ system လို့ခေါ်တဲ့ ဖိုင်ကို c:\windows\system32\config\ အောက်ကို copy ကူးထည့်တာပါ... ထုံးစံအတိုင်း SOFTWARE Error ပြတယ်ဆိုရင်တော့ system နေရာမှာ software လို့ပြောင်းပေးပါ...
၈. exit လို့ရိုက် enter နှိပ်ပြီး Recovery Console ကနေထွက်ပါ... ကွန်ပျူတာ restart ဖြစ်သွားပြီး ပြန်တက်လာတဲ့ အချိန် Windows ပြန်တက်လာပါလိမ့်မယ်...

ကျတော် အခုလုပ်နေတဲ့ ကုမ္ပဏီက စက်ရုံတစ်ခုရဲ့ ထိန်းချုပ်ခန်းက တရုတ် Windows XP တင်ထားတဲ့ကွန်ပျူတာမှာ ကွန်ပျူတာမှာ ဒီပြသနာ ဖြစ်ခဲ့တာပါ... ပြသနာက ကျတော် တရုတ်စာ မဖတ်တတ်ပါဘူး... Windows XP could not start because the following file is missing or corrupt: \WINDOWS\SYSTEM32\CONFIG\SYSTEM error ပဲပြနေပြီး Windows မတက်တော့ပါဘူး...  format ချခွင့်၊ Windows အသစ်ပြန်တင်ခွင့်မရှိတဲ့ ကွန်ပျူတာဖြစ်နေလို့ တော်တော်လေး စိတ်အပင်ပန်းခံပြီး လုပ်ခဲ့ရပါတယ်... တော်ပါသေးတယ်... ဒါရိုက်တာကလည်း မှာလိုက်တယ်လေ... အဲဒီ ကွန်ပျူတာကို မကောင်းရင် နေပါစေ အခုထက် ပိုမပျက်စေချင်ဘူးတဲ့လေ... အခု ရေးခဲ့တဲ့ ဖြေရှင်းချက်တွေကို ညီမငယ် paetoo က ရှာတွေ့ပြီး print ထုတ်ထားပေးလို့ပေါ့... ကျတော်တော့ ဘာမှသုံးမရမယ့် အတူတူ ဖြစ်ချင်တာ ဖြစ်ဆိုပြီး လုပ်ချလိုက်တာ ကောင်းသွားကြောင်းပါ... ဒါပေမယ့် copy command သုံးတဲ့ အချိန် ရလာတဲ့ result ကို တရုတ်လို လာပြနေလို့ Recovery Console ကနေ မသုံးတော့ဘဲ CD ပေါ်ကနေ တိုက်ရိုက် သုံးလို့ရတဲ့ Windows XP ကနေ တစ်ဆင့် ဖိုင်တွေကို copy ကူးခဲ့ကြောင်းပါ...

Windows တက်လာပေမယ့် software တွေ သုံးရတာ အဆင်မပြေသေးရင်တော့ http://support.microsoft.com/kb/307545မှာ ရှိတဲ့ ကျန်တဲ့ အဆင့်တွေကို ဆက်လုပ်ကြည့်ပါဦး... ဒီ webpage ကို ရှာဖွေပြီး print ထုတ်ထားပေးတဲ့ ညီမငယ် paetoo ကို ကျေးဇူးတင်ပါတယ်... အခု ကျတော်ရေးခဲ့တာက အဲဒီ web page မှာရှိတဲ့ Part One ကို အဆင်ပြေသလို ပြန်ရေးထားတာပါ...

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...