Skip to main content

မနေ့က...

ကိုသခင်ကြီးတို့ မိသားစု၊ သခင်စိုးကြီး၊ သတင်းထောက် ၁-ယောက်နဲ့ ကျတော်တို့ မိသားစု တတွေ ၈၄-လမ်းအတိုင်း တောင်ဘက် စူးစူးကိုသွားပြီး မန္တလေးနဲ့ တောင်မြို့ကြားမှာ ရှိတဲ့ ၁၃၀၀ ရာပြည့် အရေးတော်ပုံတုန်းက ကျဆုံးခဲ့တဲ့ အာဇာနည် ၁၇-ဦး ဗိမာန်ကို ဓာတ်ပုံဝင်ရိုက်ပြီး ဦးပိန် တံတားကို သွားခဲ့ကြတယ်...
အာဇာနည် ဗိမာန်ကိုတော့ နောက်နေ့များမှပဲ တင်ပါ့မယ်... ဒါမှမဟုတ် ကိုသခင်ကြီး ဆီမှာသွားကြည့်ပါ ခင်ဗျာ... ကိုသခင်ကြီး တင်ထားပါတယ်... အောက်က ပုံ ၂-ပုံကတော့ ကျတော် မနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေထဲကပေါ့... ဦးပိန်တံတားကြီး၊ တောင်သမန်အင်းကြီး အမှိုက်များနဲ့ ဖုံးလွှမ်းစေရမည် လို့များ ကြွေးကျော်ထားလားတော့ မသိဘူးခင်ဗျ...  ပေါများလှတဲ့ အမှိုက်တွေ...


အမှိုက်တွေနဲ့ စည်စည်ကားကားရှိနေတဲ့ မယ်ဇယ်ပင်တန်း... ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ လာကြတဲ့ ဦးပိန်တံတားနားက မယ်ဇယ်ပင်တန်းပေါ့... ညာဘက်အခြမ်းမှာ တောင်မြင့် သုသန်နဲ့ အမှိုက်ပုံကြီး ရှိတယ်ခင်ဗျ...  နိုင်ငံခြားငွေ ရှာမှာလား... အမှိုက်ပုံလုပ်ကြမှာလား...



အိမ်ပြန်ချိန်

Comments

KhunMoung said…
လှလိုက်တဲ့ပုံတွေဗျာ။ အမှိုက်တောင်မမြင်ရတော့ဘူး။ ချီးယားစ် အကိုရေ။
Gyit Tuu Lay said…
ဓတ်ပုံတွေက အရမ်းမိတယ်...အောင်မြင်ပါစေ...
Khin said…
very nice pictures
my gandparents are from mandalay.
I miss my country so much as I am so far away now.
Khin said…
this week I have a new mac book computer. Trying to write in Burmese but still cannot write with mac.
looking for clues in your blog. Thank you.
Khin said…
I am glad that you can still blog from mandalay. I thought the government has banned. Thanks to them for letting you all blog.
MgHla said…
comment ရေးပေးကြသူများကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ... ကျော်ခွဝင်ရတဲ့အတွက် comment တွေ မပြန်နိုင်တာ ခွင့်လွှတ်ပါ...

မေမြန်မာရေ...
ပထမဦးဆုံး ကျေးဇူးတင်ကြောင်း ပြောပါရစေ... mac book အတွက် ဇော်ဂျီ လက်ကွက် အကြောင်းကို http://www.pkblogs.com/edwardwitten/2007/10/zawgyi-myanmar-keyboard-for-mac-os-x.html မှာ ဖတ်ရှုနိုင်ကြောင်းပါ...
Khin said…
thanks Ko Mg Hla

http://brain-and-beauty.blogspot.com/
ကျွန်တော်မသိတာလေးတွေသိရတဲ့အတွက်ကျေးဇူးပဲဗျာကျွန်တော်ဘလော့ကိုလဲလာလည်ပါအုံး....
http://kingpeacock.blogspot.com/
ဒေါင်းမင်း

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...