Skip to main content

ရိုးရှင်းသွက်လက် မြန်မာ SMS

bagannat ရေးတဲ့...
GSM ဖုန်းတွေမှာ SMS ကိုမြန်မာဘာသာ အသုံးချပြီး ပို့နိုင်တဲ့ Software နောက်တစ်ခုပါ..။ MySm ပြီးတဲ့နောက်မှာ ပေါ်တဲ့ Software ဖြစ်ပါတယ်..။ Software နာမည် sm3 ဖြစ်ပါတယ်။ အရှည်ကောက်က Simple Myanmar Message ပါ..။
........
ပို့လာမယ့် Message ကိုဖွင့်ဖတ်ဖို့အတွက် Software ကို အင်တာနက်မှာပဲဖြစ်ဖြစ် နီးစပ်ရာ ဖုန်းဆိုင်တွေမှာ ပဲဖြစ်ဖြစ် အခမဲ့ရယူနိုင်တာကို သိရပါတယ်..။ ကုန်ကျစရိတ် မရှိဘဲ လက်ခံ အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်တဲ့ အတွက် ဒီလိုဖြန့်ချီရခြင်းပါလို့ sm3 အဖွဲ့ဝင် သူငယ်ချင်း လုပ်သူက ပြောပါတယ်..။ အသုံးပြုသူအနေနဲ့ Message ပို့ချင်တယ်ဆိုရင်တော့ Code Activate ကို ၅၅၀၀ကျပ်သာ ပေးသွင်းရမှာဖြစ်ပြီး တစ်ကြိမ်သာ လုပ်ဖို့ လိုအပ်ပါတယ်..။
........












Download sm3 Here


more info: http://bagannat.blogspot.com/
My Label:Myanmar News, GSM, SMS, Myanmar SMS

Comments

Anonymous said…
Can we use that software in oversea?
Could you provide more detail how we install in our phone?
Anonymous said…
hey,
i like white template style.
it's better when i read your blog for a long time.
MgHla said…
Anonymous ရေ...
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် သုံးနိုင်တယ်လို့ ဆိုပါတယ်... အသုံးပြုတဲ့ handset ပေါ်မူတည်ပြီး software ထည့်လို့ ရမရတော့ ရှိတယ်... sm3 သုံးတဲ့ ဖုန်းတွေကနေ ပို့တဲ့ sms ကို လက်ခံရုံအတွက်ပဲ သုံးမယ် ဆိုရင်တော့ ပေးထားတဲ့ download link ကနေ download လုပ်ပြီး ဖုန်းထဲကို ထည့်ပြီး သုံးနိုင်ပါတယ်... အထွက်ပို့ချင်တဲ့ အခါမှသာ handset တစ်ခုအတွက် 5500-ကျပ်ပေးပြီး ဝယ်သုံးရမှာ ဖြစ်တယ်လို့ သိရပါတယ်...
MgHla said…
ppt sympathizer
ကျေးဇူးပါ...
Saturngod said…
ဘယ်မှာ ဝယ်ရမှာလဲ.. 5500 ကိုဘယ်မှာ သွင်းရမှာလဲ.. ပြည့်ပြည့်စုံစုံလေးပြောပါအုံး.. ဘယ်အဖွဲ့ကလုပ်ထားတာလဲ... လေးစားတယ်.. တော်လည်း တော်ကြတယ်.. ဂုဏ်ယူပါတယ်..
BaganNat said…
sm3 ကို ရန်ကုန် ဘုန်းကြီးလမ်းမှာရှိတဲ့ G-Shop မှာ Code Activate လုပ်လို့ရပါတယ်။ ၅၅၀၀ ဖြစ်ပါတယ်။
Anonymous said…
Dear Ko Maung Hlan,

Thank you so very much for sharing us your knowledge and skill free. I am a beginner of Burmese language. Your blog is one of the most important resources for me to learn about Zawgyi font and its system.

Again, thank you so very much!

Dr. Salai Ngun
Eduking said…
ကျေးဇူးတင်ပါတယ် ကိုမောင်လှ.. ကျွန်တော်က အခုမှ blog စရေးတာပါ.. ကိုမောင်လှ blog တကယ်အထောက်အကူ ဖြစ်ပါတယ်..
Anonymous said…
crack version လေး မရှိဘူးလား.. :P
GHOSTBELL said…
oversea မှာ သုးချင်ပါတယ်။ စာပို.ချင်တာဆိုရင် ဘယ်လိုလုပ်ရမလဲ။ ရန်ကုန်ကို ဟန်းဆက်လှမ်းပို.ပေး၊ activate လုပ်ပြီး ပြန်ပို.ခိုင်းရမှာလား။ အလွယ်ဆုံးနည်းလေး သိချင်ပါတယ်

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...