တက်ကြတာတွေ... ဘာတွေလဲ မသိဘူး လာတက်ကြတယ်... တက်ကြတဲ့ သူတွေ များနေပြီဆိုတော့ ရေးဦးမှပဲ...
ပြီးရော...
- ခုမှ စတွေ့သူကို ပြုံးပြဖို့ ဝန်လေးတတ်သည်... စိတ်မပါရင်လည်း မပြုံးပြတတ်... အဲဒီလောက် လူမှုရေး အလွန်တော်တာ...
- မတွေ့တာ ကြာတဲ့သူဆို မမှတ်မိတတ်... လူ မြင်ဖူးပြီး နာမည် မမှတ်မိတာမျိုးတွေ ခဏ ခဏ ဖြစ်တတ်... အဲဒီလောက် မှတ်ဥာဏ် ကောင်းတာ....
- ထမင်းစားလျှင် ဟင်းချီးများ၏... ထမင်းရော ဟင်းပါ ပူပူနွေးနွေးလေးမှ ကြိုက်၏...
- ကလေး ကလား အရမ်းဆန်၏...
- အအိပ်ကြီး၏... အိပ်နေတုန်း လာနှိုးလျှင်လည်း မကြိုက်ပေ...
- သင်တန်းတွေလိုက်တက်ရမှာ ပျင်း၏... စာမေးပွဲ ဖြေရမှာလည်းပျင်း၏... ထို့ကြောင့် ပညာတိုးတက်မှု မရှိသောသူဟု ကိုယ့်ကိုကိုယ် သိ၏...
- အလုပ်လုပ်ရင် နေ့ရွှေ့ ညရွှေ့... ပူလွန်းသည် အေးလွန်းသည် အကြောင်းပြတတ်၏... စိတ်ပါလျှင်တော့ ချက်ချင်းလုပ်တတ်သည်...
- အခြောက်တွေကို မုန်း၏... လာလာကျူကြ လွန်းလို့...
- အရက်မူးပြီး ရစ်ကြသူတွေကိုလည်း မုန်း၏... ဒါတွေ ဒါတွေကိုပဲ ထပ်ထပ် ပြောလွန်းလို့...
- အရင်က နန္ဒာလှိုင် ကိုကြိုက်ခဲ့ဖူး၏... ပြီးတော သက်မွန်မြင့်... ယခုတော့ သင်ဇာဝင့်ကျော်ကို ကြိုက်နေ၏... ကြိုက်သော်ငြားလည်း သူမ လက်ထပ်ခွင့်တောင်းပါက စဉ်းစားကာ နေရဦးမည်...
ပြီးရော...
Comments
တူ၏ ... ဟိဟိ
အခြောက်ဆိုရင် ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ပဲ :D
၁၀။ ဟေ့...ဟေ့... ၄ယောက်မြောက်က ကိုမောင်လှ မဟေသီလား :P
(နှောင်ဂျိန်ပလေးအောင် ပင့်ပေးမှ)