Skip to main content

မိတ်ဆက်ပေးပါရစေ...

သိပြီးသားတော့ ဖြစ်ကြမှာပါ...
  • http://stevenalexand.blogspot.com/ ပါ... သူက ဘယ်သူလဲဆိုတော့ ခေတ်သစ် ယုန်နှင့်လိပ် ပုံပြင်၊ မြန်မာရုပ်ရှင်နှင့် ဗီဒီယိုများကို ကြည့်ရှုပြီးရလာတဲ့ ဗဟုသုတ ၁၀၀ တို့ကို ရေးသားခဲ့တဲ့ Kalvin ရဲ့ ညီအရင်းပါ... ဓာတ်ပုံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရေးသားနေတဲ့ စတီဗင်ရဲ့ ဘလော့ကို အလည်မရောက်ဖူးသေးဘူး ဆိုရင် သွားလည်လိုက်ကြပါဦး...
  • http://uhteik.blogspot.com/ ဒီဘလော့ ပိုင်ရှင်ကတော့... ဖိုရမ်လောက၊ GTalk လောက ကနေ နယ်မြေချဲ့လာတဲ့ မန္တလေး သတင်းစာလောက က ဦးထိပ် (ခ) နွေမျိုးနွယ်လို့ခေါ်တဲ့ ကျတော်ရဲ့ ဘော်ဒါကြီး ရေးတာပါ...
  • မြန်မာနာမည် လှလှလေးနဲ့ ဓာတ်ပုံဆရာ၊ ကွန်ပျူတာ ဆရာ၊ ပရဟိတ အလုပ်များလုပ်နေသူ ကိုဘဦး ရဲ့ ဘလော့ပါ... http://mgbaoo-mandalay.blogspot.com/
  • မော်ဒယ် ခေတ်တစ်ခေတ်ကို ထူထောင်မယ့် ကိုနေကြီးပါ... http://konaygyi.blogspot.com/
  • ဒါလည်း မန်းလေးသားလို့ ဆိုလာသူ ဝေမြင့်မော်ရဲ့ blog ပါ... http://www.waimyintmaw.blogspot.com/

My Label: Myanmar Blogger, Links

Comments

Chan Mya Soe said…
ရုပ်ရှင်ဟာသတွေက အဲလူကြီးရေးတာကိုး။ အခုမှပဲ သိတော့တယ်။ ရေးလည်းရေးတတ်ပါ့
အစ်ကိုရေ ... အစ်ကိုက မန္တလေးကဆိုလို့ မန်းသင်္ကြန်အကြောင်း ဖတ်ချင်လို့ ရေးပေးပါလို့ ပြောမလို့ပဲ။ အစ်ကို မိတ်ဆက်ပေးတဲ့ Blog တွေဝင်ကြည့်တော့မှ မန်းသင်္ကြန်အကြောင်း တကယ့်ကိုပြည့်ပြည့်စုံစုံ ရေးထားတာတွေ့တယ်။ အပူမကပ်ရတော့ဘူးပေါ့။ ကျေးဇူးပါ။
Dear ko mghal,
May i know how to use myanmar font on blogger.
Steve Evergreen said…
hey why didn't you advertise my blog as well. I am also from mdy. used to live in aungdawmu. one of my houses was on 73rd and 37th street. sold it.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...