BaganNET forum မှာကတည်းက ရေးဖော်ရေးဖက်၊ NativeMyanmar.com မှာလည်း ရေးဖော်ရေးဖက် သူငယ်ချင်းကြီး၊ လူပျိုသိုးကြီး ကိုlove-bug မနေ့က မင်္ဂလာဆောင်လေသည်... နေးတစ်က ရေးဖော်ရေးဖက် သူငယ်ချင်းများ သွားကြလေသည်... ကိုသခင်ကြီးတော့ ရေနံချောင်းက မင်္ဂလာဆောင် သွားနေလို့ မတက်ရောက် နိုင်ပါ... သူငယ်ချင်းတို့ ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ ပေါင်းဖက်နိုင်ပြီး သား သမီး မြေ မြစ် တီ တွတ် ကျွတ် ဆတ် များစွာဖြင့် အောင်မြင် ပျော်ရွှင် စိတ်ချမ်းသာ ကိုယ်ကျန်းမာသော မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ပါစေသောဝ်...
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments