မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီး ဖြစ်လာတဲ့ ၇၈-လမ်းဟာ ၂၆-လမ်းမကြီးကနေစပြီး ခုဆို ၃၈-လမ်းအထိ အထင်ကရ ဆိုင်များ၊ shopping mall များနဲ့ စည်ကားလာပြီး မန္တလေးမြို့ရဲ့ မဟာ downtown ဧရိယာဖြစ်သွားပြီလို့ ကျတော် ဆိုချင်ပါတယ်... ၃၃-၃၄ လမ်းကြားမှာ ရတနာပုံဈေး၊ YCC (ယခင် MICT Park) ၊ Relax, လူငယ်တွေ အသွားများကြတဲ့ Skywalk Shopping Mall, Orange Supermarket တို့ရှိပြီး ယခု ယင်းနဲ့ မလှမ်းမကမ်း၊ မန္တလေးအခေါ် ၄-ပြ အကွာမှာ 78th Shopping Mall ရဲ့ grand opening ကို ယနေ့ပြုလုပ် ကျင်းပနေပါတယ်... 78th Shopping Mall မှာ ရန်ကုန်မြို့မှာ နာမည်ရနေတဲ့ City Mart မန္တလေးဆိုင်ခွဲ၊ နှင့် အခြားဆိုင်ခန်း များစွာ ပါဝင်ပြီး ကလေးစားကွင်းနှင့် ရုပ်ရှင်ရုံ ၁-ရုံလည်း ပါဝင်မှာ ဖြစ်ကြောင်းသိရပါတယ်...
မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...
Comments
(ဖာလူဒါ မမြင်ဖူးတဲ့ တောသားတစ်ယောက် အတွက်တော့ အထူးအဆန်းနဲ့ အရသာတွေ့နေခြင်း ကို ဆိုလိုပါတယ်)
မြင်တဲ့နေရာတိုင်းကို ငေးမောရမှာကတော့ အမှန်ဖြစ်နေမှာပါ ဗျာ .. မန္တလေးအကြောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ..
(ကိုမောင်လှ ဓာတ်ပုံတွေ အတွက် ကျေးဇူးနော်)