Skip to main content

eot လုပ်ရအောင် - ၁

  • ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exeကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ...
  • ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ

  • 1. Bold 2. Italic 3. Bold+Italic 4. Normal
  • WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ...
  • Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ...
  • ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://တစ်ခုခုကို ရွေးပေးစရာ လိုပါတယ်...ခုရွေးခဲ့တဲ့ list box ရဲ့ ညာဘက် ၁-ခုကျော်မှာရှိတဲ့ ... button လေးကို ကလစ်နှိပ်ပြီး ကျတော် လုပ်ထားတဲ့ eot.htm ရှိတဲ့ဖိုင်လေးကို ညွှန်ပြလိုက်ပါတယ်...

  • ပြီးရင် Next ကို ကလစ်လုပ်ပါ...Analyze Web Pages dialog boxပေါ်လာရင် Next ကိုနှိပ်ပါ... The page file:..... It may not display on Win9xand MacOS. Unicode and Uniscribe is required. Do you want to continue? ဆိုတဲ့box လာပြရင် Yes ကို ကလစ်လုပ်ပါ...
  • Font to Embed box ကိုရောက်ရင်...subsetting ကို 7. No subsettingထားလိုက်ပါတယ်... ခုကျတော် ညွှန်ပြလိုက်တဲ့ web page ထဲမှာ embed လုပ်စရာမလိုတဲ့font တွေ ပါလာတယ်ဆိုရင် အဲဒီ font ကို select လုပ်ပြီး Don't embed ဆိုတာလေးကိုclick လုပ်ပါ...

  • Create Font Objects ဆိုတဲ့ box ပေါ်လာရင် Edit button ကိုနှိပ်ပြီး eot သုံးမယ့် web site တွေရဲ့ address ကို ထည့်းပေးရပါတယ်... ထည့်တဲ့အခါသိထားရမှာက http://mghla.blogspot.comလို့ပဲထည့်ထား ခဲ့မိရင် http://www.mghla.blogspot.comလို့ ၀င်ကြည့်တဲ့လူတွေ အဆင်မပြေပါဘူး... အဲဒါကြောင့် လိပ်စာထည့်တဲ့အခါ wwwပါတာတဲ့ လိပ်စာရော ၊ မပါတဲ့ လိပ်စာပါ ထည့်ပေးစရာ လိုပါတယ်...

  • ပြီးရင် ပုံထဲမှာ ပြထားတဲ့အတိုင်း အပေါ်က check box ၂-ခုကိုအမှန်ခြစ် ခြစ်ပေးပါဦး... ပြီးပြီဆိုရင်တော့ Next ကို နှိပ်တော့ဗျာ...ခဏတော့စောင့်နော်...ဟော ပေါ်လာပါပြီ... CSS Style dialog box ဆိုပြီး ပေါ်လာပါပြီ...အဲဒီထဲက အောက်မှာပြထားတဲ့ code တွေကို ကျတော် copy ကူးထားလိုက်တယ်...
  • @font-face {
    font-family: Zawgyi-One;
    font-style: normal;
    font-weight: 700;
    src: url(ZAWGYIO3.eot)
    }
    @font-face {
    font-family: Zawgyi-One;
    font-style: oblique;
    font-weight: normal;
    src: url(ZAWGYIO2.eot);
    }
    @font-face {
    font-family: Zawgyi-One;
    font-style: oblique;
    font-weight: 700;
    src: url(ZAWGYIO1.eot);
    }
    @font-face {
    font-family: Zawgyi-One;
    font-style: normal;
    font-weight: normal;
    src: url(ZAWGYIO0.eot);
    }
  • ပြီးရင်တော့ Close ကိုနှိပ်တယ်... Next ကိုနှိပ်တယ်...
  • You all are done.... ဘာညာလာပြတော့ Finish ကို နှိပ်လိုက်တယ်... eot.htm ရှိတဲ့ folder ထဲသွား ကြည့်တော့ ZAWGYIO0.eot, ZAWGYIO1.eot, ZAWGYIO2.eot, ZAWGYIO3.eot ဆိုပြီး ဖိုင် ၄-ဖိုင် ထွက်လာတာ တွေ့ရတယ်... ဘာဖြစ်လို့ ၄-ဖိုင် ထွက်တာလဲဆိုတော့ eot.htm ဖိုင်ထဲမှာ့ Bold, Italic, Bold+Italic, Normal ဆိုပြီး စာ ၄-မျိုး ထည့်ထားမိလို့ ခင်ဗျ...
  • အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...
  • ပြင်ရတာ မောသွားတာပဲ

    eot ဘယ်လိုလုပ်... အပိုင်း - ၂
    Tuesday, October 31, 2006
    အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်...
    ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ...
    ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url(http://h1.ripway.com/MgHla/eot/ZAWGYIO3.eot) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင်
    @font-face {........................}
    အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ...
    ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ...

    WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး...

    ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်...
    http://mgzeng.blog.com/450405/http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

    Comments

    Anonymous said…
    ကျေးဇူးပါပဲ ခင်ဗျာ...
    Anonymous said…
    Ko Mg Hla,

    Can you tell me how to assign font in blog, after doing EOT. I know how to make EOT and put script in blog templet.

    Thanks
    forgetme said…
    Thanks a lot Big Bro!
    ကြွက် said…
    This comment has been removed by the author.
    G Y I said…
    What happens to Part-2? I can't find it...
    Moung Yin Aw said…
    your explanations are excellent and so helpful for me.
    Thanks alot Ko Mg Hla.
    MYAT KA LAY said…
    Hello!
    i don't find eot part 2.
    when will u write this part?
    i hope ur post.
    thanks everything.
    ur
    user
    dear Mg Hla

    I didn't see your part 2 of making eot..can you help me with this? I can't do eot even with the saturngod making blog book.


    thanks
    TweetyChitThu said…
    cant see part 2...also half way cant do :(

    Pls help me...
    Thanks
    Anonymous said…
    ဟီးဟီး..ပြောတဲ့အတိုင်းပဲ တကယ့်ကို ခေါင်းခြောက်ခဲ့ရပါတယ်။ အခုလို တတ်ထားတဲ့ပညာကို ဖြန့် ဝေပေးတာ ကျေးဇူးတင်ပါတယ်နော်။
    Cothar said…
    ကျေးဇူးအထူးတင်ကြောင်းပါ ကိုမောင်လှ ခင်ဗျာ.. ကျွန်တော် blog အဆင်ပြေသွားပြီ.. လေးစားလျှက်.
    Cothar said…
    ကျေးဇူးအထူးတင်ကြောင်းပါ ကိုမောင်လှ ခင်ဗျာ.. ကျွန်တော် blog အဆင်ပြေသွားပြီ..

    Popular posts from this blog

    မနေ့က...

    ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


    Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

    RustDesk remote desktop software

    RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...