Skip to main content

လူဘယ်က ဖြစ်လာသလဲ Adult Only (18+)

ပုဂံဖိုရမ်မှာတုန်းက တင်ခဲ့ဖူးတာလေးပါ... သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ပုံပြင်လေးပေါ့... ကြားဖူးချင်လည်း ကြားဖူးကြမှာပါ...

မောင်လှ ရေ . . .

ဒီနေ့တော့ လူဘယ်က ဖြစ်လာသလဲ ဆိုတဲ့ ပုံပြင်လေး တစ်ပုဒ် ရေးမယ်ကွာ . . .

လူဆိုတာ ဗြဟ္မာကြီးလေးဦးက ဖြစ်လာတာလည်း မဟုတ်ဘူးဆိုဘဲ . . . အာဒံနဲ့ ဧ၀က ဖြစ်လာတာ မဟုတ်ဘူးဆိုပဲ . . . ဒါဆို ဘယ်ကဖြစ်လာတာလဲ ဆိုတော့ လူဆိုတာ လဥက ဖြစ်လာတယ်ဆိုပဲကွ . . . (အမောင် အက်ဒမင်များ ဆင်ဆာမဖြတ်ကြရန် ကျွန်ုပ်ရှင်းပြအံ့) လူဆိုတာ နေနတ်သားနဲ့ လနတ်သမီးတို့ အကြောင်းဆက် ပေါင်းဖက်လို့ ဖြစ်လာကြတာတဲ့ဗျ . . . အဲဒီလိုနဲ့ လနတ်သမီးမှာ နေနတ်သားရဲ့ရင်သွေးလေးကို လွယ်ထားရသတဲ့ . . . အဲဒီတုန်းက အခုလို ကိုယ်ဝန်ဆောင်ရတာ မဟုတ်ဘဲ ဥဥပြီးမွေးတာတဲ့ဗျာ . . .

(အမောင်တို့ - ကြက်က ဥရင် ဘာဥလဲ... ကြက်ဥပါဗျ ... ဘဲက ဥရင်ရောဗျ . . . ...ဘဲဥပါဗျ ... မြွေက ဥရင်ရော ... မြွေဥပါဗျ ... ကဲ ဒီလောက်ဆို အမောင်တို့ ရှင်းလောက်ပြီ ထင်ပါရဲ့ )

လဥသည့်အတွက် လဥဟု ခေါ်ပါသည် အမောင်တို့ . . . လနတ်သမီးမှာ လဥရှိနေစဉ်ကာလမှာ နေနတ်သားက သားဆက်ခြား စီမံကိန်း မလုပ်ရလေခြင်းဟု လနတ်သမီးကို အပြစ်တင်လေသတဲ့ . . . အဲဒီက စပြီး အကြီးအကျယ် ရန်တွေဘာတွေ ဖြစ်ကြရာမှ နေနတ်သားက လနတ်သမီးကို စွန့်ပြစ်သွားသတဲ့ . . . လနတ်သမီးကလည်း စိတ်တော်ညစ်ညူးပြီး နေနတ်သားရဲ့ ရင်သွေး လဥကြီးကို စွန့်ပစ်လိုက်သတဲ့ . . .

(အမောင်တို့ ၄င်း လဥကြီး ဘယ်ကို ရောက်သွားတယ် ထင်သလဲ . . . ... အဲ . အာကသထဲ လျှောက်မျောနေမှာပေါ့ဗျ ... )

မောင်တို့ မှားလေပြီ . . . ယင်း လဥကြီးသည် ကမ္ဘာမြေကြီးပေါ်ကျရောက်လာသတဲ့ . . . ရိုးရိုးတန်းတန်းမြေပြင်ပေါ်မကျဘဲ ဒိုင်နိုဆော တို့ မစင်စွန့်တဲ့ တွင်းကြီးထဲ ကျသွားသတဲ့ . . . မစင်တွင်းဆိုတော့ မစင်တွေနဲ့အတူ လောက်တွေလည်း ရှိပါသတဲ့ . . .

ယင်း လဥကြီး ပေါက်ဖွားချိန်တန်တော့ လူဖြစ်မယ့် အမွှာအကောင်နှစ်ကောင် ပေါက်ဖွားလာသတဲ့ . . .တစ်ကောင်က လောက်ကြောက်သတဲ့ . . . အဲဒီ လောက်ကြောက်တဲ့ အကောင်က မိန်းမဖြစ်သွားသတဲ့ . . . တစ်ကောင်ကတော့ လောက်မကြောက်ဘူးတဲ့ . . . ... အမောင်တို့ ဒုတ်ပီး၊ ဒါးပီး၊ သနတ်ပီး တယ်ဆိုတယ် စကားလုံးတွေကြားဖူးမှာပါ ... အဲဒီအကောင်က လောက်မကြောက်ဘူးဆိုတာထက် လောက်ပီးသွားသတဲ့ . . . အဲဒီအကောင်လေးက ယောက်ျားလေး ဖြစ်သွားသတဲ့လေ . . .

ဒီပုံပြင်လေးက ယောက်ျားနဲ့ မိန်းမ ဘယ်ကဖြစ်သဲဆိုတဲ့ ပုံပြင်လေးပါပဲ . . .
Keywords: funny, adult, 18+, ပုံပြင်

Comments

NLS said…
ဟားဟားဟားဟား

ကိုမောင်လှရယ်. အူတက်လို့ သေတော့မယ်။ မိန်းမတွေ လောက်ကြောက်သတဲ့လားဗျာ.. ဟားဟားဟာ။
mgthantzin said…
a bit sexually-explicit... :(
WP Test said…
ဟားဟားဟား ... ရယ်ရတယ်ဗျို့ ... အရေးအသားကလဲ ကောင်းပဗျာ။ ပုံပြင်လေးတွေရှိသေးရင် ထပ်တင်ပါအုံး။
မာ့ခ် said…
ဟားဟားဟားဟား
ကောင်းပဗျာ။
Anonymous said…
ဟားဟား ဟားဟား ဟားဟား ဟားဟား ဟားဟား
Thar Gi said…
ဟားဟားဟားဟား။


ကျွန်တော်တို့လောက်မကြောက်ဘူးဗျ။ လောက်ပီးတယ်။
Chan Mya Soe said…
သြော် ... လက ဥတော့ လဥကိုး ... ဟားဟား

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...