gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Canon EOS450D

Canon ပစ္စည်းများကို တင်သွင်း ဖြန့်ချီနေတဲ့ Accel Internaitonal ကုမ္ပဏီက ကျင်းပတဲ့ Canon EOS 450D နှင့် Flash Memory Camcorder ပစ္စည်းသစ် မိတ်ဆက်ပွဲကို Sedona Hotel - Mandalay ရဲ့ Amayapura ခန်းမမှာ မနေ့က ကျင်းပခဲ့ပါတယ်... ပထမဦးစွာ Canon ရဲ့ Flash Memory Camcorder များ အကြောင်း ရှင်းပြပါတယ်... ယင်း Canon Camcorder များဟာ Full HD ထွက်ပြီး 16GB built-in flash memory ပါတဲ့ camcorder များဟာ ၁၀-နာရီ ကျော် video ဖိုင်များကို သိမ်းဆည်းနိုင်ကြောင်း သိရပါတယ်... built-in memory အပြင် SD အမျိုးအစား memory card များနဲ့လည်း video ရိုက်ကူးနိုင်ကြေင်း သိရပါတယ်... Canon နဲ့ ပြိုင်ဘက် camcorder ထုတ်လုပ်သူများက ထုတ်လုပ်တဲ့ Full HD camcorder များဟာ Full HD လို့ ပြောပေမယ့် တကယ် Full HD မထွက် ဘူးလို့ လည်း Canon မှ ရှင်းပြသူ ကဆိုပါတယ်... FS11 အမျိုးအစား camcorder ကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်...

အဲဒီနောက်မှာတော့ Canon EOS 450D SLR ကင်မရာအကြောင်း ရှင်းပြပါတယ်... မန္တလေးမှာ ဓာတ်ပုံဆိုင် ဖွင့်စားမည့်သူများဟာ ယင်း ကင်မရာ တစ်လုံးကို ပိုင်ဆိုင်ပြီ ဆိုရင် နောက်ထပ် ၅-နှစ်အတွင်း နောက်ထပ် ကင်မရာများ ထပ်ဝယ်စရာမလိုဘူး လို့ရှင်းပြသွားကြောင်းပါ... ယင်းကင်မရာဖြင့် ဓာတ်ပုံ ရိုက် ယူရာမှာ ISO 100 မှ ISO 1600 အထိ အသုံးပြုနိုင်ပြီး ISO100 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality နဲ့ ISO1600 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality အတူတူ နီးပါးဖြစ်ကြောင်း ပြောကြားပါတယ်... ဒါပေမယ့် တကယ် နှိုင်းယှဉ်ကြည့်တဲ့အခါ ISO100 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံ quality ဟာ ညက်ညောပေမယ့် .. ISO1600 ဖြင့် ရိုက်ထားတဲ့ ဓာတ်ပုံမှာ noise များ ပါဝင်ပါတယ်... ဒါပေမယ့် လက်ခံနိုင်တဲ့ noise များ ဖြစ်ပါတယ်... ယင်း ကင်မရာမှာ Live View ပါဝင်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်...

ကင်မရာ အကြောင်းများ ရှင်းပြပြီးတဲ့ အချိန်မှာတော့ အစားအသောက်နဲ့ ဧည့်ခံပြီး တစ်ချိန်တည်းမှာ EOS 450D ကင်မရာများဖြင့် မော်ဒယ် အလှပုံများ စမ်းသပ် ရိုက်ကူး ပေးနိုင်ရန် စီစဉ်ထားတာ တွေ့ခဲ့ရကြောင်းပါ...
My labels: မြန်မာ, ဗမာ ,မန္တလေး, Myanmar, Burma, Burmese, Canon, EOS 450D

Comments

Steve Evergreen said…
As you mentioned about Canon FS11 what i did'nt notice before, I googled. This is the UK average price on http://www.amazon.co.uk/exec/obidos/ASIN/B0012B4XEU/interactiveda3045-21
Steve Evergreen said…
for me, i prefer sony camera and camcorder. But canon also has a high quailty.
Unknown said…
I don't think the pro will use Canon 450D for studio photography. It's lasting for 5 years!!!!. What the hell was he talking at the IT show? 450D is ok for a home made studio...
Canon 30D, 40D are better than 450D. Full frame Canon 5D is the best in the Canon mid range. None of the professionals use this entry level 450D for their businesses.
The person who talked about this 450D needs to do some homework before talking about this camera in so-called IT show.
Everyone know Canon450D is just only an entry level. Toy Plastic camera..If the pros use it for their business purposes in Myanmar, they are far behind the pros from the other countries. I am talking about the real professional photographers not so-called pro with entry level dslr:(

btw, Ko Mg Hla, I like your blog. Great blog!

Ad