Skip to main content

ရတနာပုံဈေး မီးလောင်နေခြင်း... (Mandalay News)


ရတနာပုံဈေးမှာ မီးလောင်နေတယ်... အခုအချိန်အထိ မငြိမ်းနိုင်သေးဘူး... ဘယ်အချိန်က စလောင်နေတာလဲတော့မသိပါ... ကျတော် ရုံးလာတော့ မီးခိုးတွေ တွေ့လို့ကြည့်လိုက်တော့ ရတနာပုံဈေး အပေါ်ထပ် ဖြစ်နေတယ်... ရတနာပုံဈေး အပေါ်ဆုံးထပ် အရှေ့ဘက်ခြမ်းလို့ ပြောကြတာပဲ... ရတနာပုံဈေးမှာ မြေညီထပ်မှာ ရတနာပုံဈေး၊ ပထမထပ်မှာ Skywalk shopping mall ၊ ဒုတိယထပ်မှာ ကုန်သည်ကြီးများ အသင်း၊ MCC ၊ ဓာတ်ပုံအသင်းများ၊ Relax စားသောက်ဆိုင်၊ တတိယထပ်မှာ MICT park၊ စတ္ထုထပ်မှာ Ray World Office တို့ရှိပါတယ်... ဓာတ်ပုံကြည့်လိုပါက NativeMyanmar Forum ရဲ့ မန္တလေး သတင်း တော့ပစ်အောက် မှာ သွားကြည့်နိုင်ပါတယ်...


10:50AM : အခုအချိန်အထိ လောင်နေတုန်းပါ... မန္တလေး ကွန်ပျူတာလောက ကြီးတော့ သွားတော့မယ် ထင်ပါတယ်...

11:50AM : 11း40 နာရီ ခန့်ကရိုက်ကူးထားသည့် ဓာတ်ပုံ

Update 11:56AM: NativeMyanmar Forum မန္တလေး သတင်းတော့ပစ်အောက်တွင် အခြားသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်နိုင်ပါသည်။

My labels: Mandalay News, Fire Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Comments

Anonymous said…
ကျေးဇူးပဲ ကိုထင်လင်းအေးရေ .. အပ်ပဒိတ်သတင်းလေးတွေ သိရရင်လည်း ထပ်ပြီး တင်ပေးပါဦး ဓါတ်ပုံတွေလည်း တင်ပေးပါဦး
ရတနာပုံဈေးမီးလောင်တာ စိတ်မကောင်းစရာပဲ ကျွန်တော်တို့ မန်းလေးမှာ မီးအကြီးအကျယ်မလောင်တာ ကြာပြီပဲ
ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး
MYO HAN HTUN said…
စိတ်မကောင်းပါဘူး ဗျာ .. မိတ်ဆွေ အများစုက အဲဒီဈေးကို မှီပြီး အရောင်းအဝယ်တွေလုပ်နေတာရယ် .. ကွန်ပျူတာလုပ်ငန်းတွေ လုပ်နေတာရယ်ကြောင့်ပါ။

ကိုတိုး
ကိုမောင်လှ

မီးလောင်တဲ့ ဓာတ်ပုံ လေးတွေတင်ပေးပါအုံး။တော်တော် များသလား ကြည့်ချင်လို့ပါ။
Yan said…
စိတ်မကောင်းစရာပဲ ကိုမောင်လှရေ...

မြန်မြန်လေး ငြိမ်းနိုင်ပါစေဗျာ...
ကိုမောင်လှရေ
Native Myanmar ရဲ့ဖိုရမ် လင့်ကလေး ပေးပါဦးဗျ
မန္တလေးက ဒီနှစ်တော့ ဈေးဦးပေါက် လောင်ပြီပေါ့
Myo Kyaw Htun said…
မန္တလေးမှာ ပြစရာဆိုလို့ ဒါလေးရှိတာ။ စိတ်မကောင်းဘူးဗျာ။ :(
Ba Kaung said…
မန္တလေး ICT မီး http://www.burmafication.org/2008/02/mandalay-ict-under-fire.html
ကိုမောင်လှ ရေ ၊ ကျွန်တော် လည်း မန္တလေး က မဟုတ် ပေမယ့် စိတ်မကောင်းပါ ဘူး ဗျာ ။
Chan Mya Soe said…
ခေတ်ကမှ မကောင်းရတဲ့ထဲ မီးက ထ လောင်တယ်ဗျာ။ လေတယ်။ မန်းလေး ကွန်ပျူတာလောကနဲ့ လူငယ်တွေအတွက်တော့ သွားပါပြီဗျာ

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...