gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

“Results Based Management (RBM)” by Prof. Dr Aung Tun Thet

မနေ့က ရန်ကုန် MICT Park မှာ ကျင်းပတဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့ “Results Based Management (RBM)” ဆိုတဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ်... နောက်ကျမှ ရောက်သွားတဲ့ပြီး နေရာမရ ဖြစ်ခဲ့ရတဲ့အတွက် ရှေ့ပိုင်း ဟောပြော ပို့ချမှုများကို မမှီလိုက်သလို နောက်ပိုင်းမှာလည်း ဓာတ်ပုံရိုက်ချင်စိတ် များပြီး ဆရာကြီး ဘာတွေ ဟောပြောသွားမှန်း သေချာမသိလိုက်ပါပါဘူး...
ဆရာကြီး ဟောပြောတဲ့ အစီအစဉ် အပြီးမှာ ကော်ဖီ၊ မုန့်များနဲ့ တည်ခင်း ဧည့်ခံပါတယ်... ပြီးတော့ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ဆရာကြီးက ပြန်လည်ဖြေကြား ပေးသလို တက်ရောက်လာသူ ဆရာကြီး၊ ဆရာမကြီးများကလည်း မေးမြန်းသလိုလိုနဲ့ stage အောက်က ဟောပြောပွဲလေး ဖြစ်အောင် ဖန်တီးသွားပါတယ်... ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က မေးမြန်းမှုများကိုပြန်လည် ဖြေဆိုရာမှာလည်း မှတ်သားစရာ အများကြီး ပါပါတယ်...
ဆရာကြီးရဲ့ ဟောပြောချက်များကို http://www.mit.com.mm/seminar.asp မှာ download လုပ်ပြီး ရယူနိုင်ပါတယ်...
ဒီပွဲကို MIT မှ စီစဉ် ဆောင်ရွက်ပေးတာဖြစ်ပြီး City Mart နဲ့ Europe & Asia Commercial Co., Ltd. တို့က sponsor ပေးကြောင်း သိရပါတယ်...ဆရာကြီး Prof. Dr Aung Tun Thet (United Nations System StaffCollege Turin-Italy) ဟောပြောနေပုံပါ...




My Labels:Myanmar News, Yangon News, ရန်ကုန် သတင်း

Comments

Prof. Dr Aung Tun Thet is our Department's former DG. I've missed a chance to attend his seminar.

Ad