Skip to main content

ကိုယ့်ရဲ့ ဘလော့မှာ eot ထည့်ချင်သူများအတွက်

ကိုယ့်ရဲ့ ဘလော့ (blogspot.com ဘလော့များသာ) မှာ eot ထည့်ချင်သူများ ခင်ဗျား....
blog template ပြင်တဲ့အထဲက HTML ထဲဝင်ပြီး style type="text/css" ကိုရှာ၊ တွေ့ပြီး ဆိုအဲဒီ စာကြောင်းရဲ့ အောက်မှာ ဖော်ပြပါ စာကြောင်း ၆-ကြောင်းကို ထည့်လိုက်ရင်ရပါပြီ ခင်ဗျား...

@font-face {
font-family: Zawgyi-One;
font-style: normal;
font-weight: normal;
src: url(
http://maunghla.googlepages.com/ZAWGYIO0.eot);
}
Bold, Italic တို့အတွက် တော့မပါပါ... ရိုးရိုး normal Zawgyi-One အတွက်ပါ... စမ်းကြည့်ပါဦး...
ကျတော်တောင် ကျတော့် blog က eot ကို ဖြုတ်တော့မလို့... ဘာဖြစ်လို့လည်းဆိုတော့ blog လာကြည့်သူ တော်တော်များများမှာ Zawgyi-One သုံးနေကြပြီလေ...

Comments

ကိုကြီးမောင်လှရေ ....

eot မဖြုတ်ပါနဲ့ဦးခင်ျော ... ။
ဘလော့မရေးတဲ့ နိုင်ငံတကာက မြန်မာ စာဖတ်သူသက်သက်တွေအတွက် eot ဟာတစ်ကယ့်ကို လိုအပ်ပါတယ် ။

အကြောင်းကိစ္စ ထွေထွေထူးထူးမရှိရင်တော့ ဒီအတိုင်းလေး ဆက်ထားစေချင်ပါတယ် ...။

( ကျွန်တော့်အမြင်လေးပါ ခင်ျော။ )
Big Brother Thu said…
I want to use sayar's eot .
Thanks for this.
thamudayanwe said…
thanks u for writing about how to make a blog book.
i'm very thanked to u.
Yan said…
ကိုမောင်လှကြီးရေ…
ဒါဆိုရင် EOT အတွက် WEFT ကို Run ပြီး Address URL ထည့်ပေးစရာတောင် မလိုတော့ဘူးပေါ့.
ဒီနည်းက အရမ်းအဆင်ပြေတာပဲဗျ. ကိုမောင်လှကြီးကို ချီးကျူးပါတယ်ဗျာ.

ကိုမောင်လှရဲ့ ဘလော့ဂ်က EOT တော့ မဖြုတ်စေချင်သေးဘူးဗျ. ဘာလို့လဲဆိုတော့ နိုင်ငံတကာက စာဖတ်သူတွေအတွက် အကျိုးများစေလို့ပါ. တစ်ချို့ဆို ရုံးက ကွန်ပြူတာကို အလစ်ခိုးသုံးပြီး ဘလော့ဂ်ဖတ်တာရှိသေးတယ်လေ. (တိုက်ဆိုင်က ခွင့်လွှတ်ပါခင်ဗျာ.)
ဒါကြောင့် သူတို့လေးတွေအတွက် ဒီတိုင်းလေးပဲ ထားပေးလိုက်ပါဦးလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ…

အစ်ကိုတို့လိုဘလော့ဂါတွေကြောင့် ကျွန်တော်တို့တွေ လူတစ်လုံးသူတစ်လုံး ဖြစ်လာတာဗျ.
မန်းလေးရောက်ရင် ပလာတာကျွေးပြီး ဘီယာတိုက်မယ်.
ဟတ်ဟတ်ဟတ်…

ခင်မင်လေးစားလျက်

ရန်အောင်
MYO HAN HTUN said…
ကိုမောင်လှ .. ရေ ..

eot ကတော့ ထားလိုက်ပါ။ NetCafe တွေပြောင်းသုံးတတ်တဲ့ မြန်မာတွေ အများကြီးပဲ။ သူတို့အတွက်တော့ ထားပေးသင့်ပါတယ်။

လေးစားလျှက်

ကိုတိုး
ပီကေ said…
ကိုမောင်လှ၊ အကို့ရဲ့ အီးအိုတီကို ကျနော်တို့ ယူသုံးထားတာ အဆင်ပြေပါတယ်။ ဒါပေမယ့် အခု blogspot.com ကို ဘန်းထားတော့ ကျနော်တို့ ဒိုးမိန်းပြောင်းပြီး myanmarbloggers.org ကို သုံးခဲ့ကြပါတယ်။ ဒါကြောင့် အီးအိုတီက အလုပ်မဖြစ်တော့ပါ။ အဲဒါ ဘယ်လို လုပ်လို့ ရမလဲ ဆိုတာ သိချင်လို့ အကြံဉာဏ် လှမ်းတောင်းရတာပါ အကို။ ကျေးဇူးတင်ပါတယ်။

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်