gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မိုးရွာရင်...

ဖိုးချမ်းက တက်ထားတယ်တဲ့... အဲဒါ ပြန်တက်လိုက်ပါဦးဆိုလို့.. ပြန်တက်နေမိတယ်... ဟေ့ဖိုးချမ်းရေ... ငါတော့ တက်နေတာ မရောက်ကို မရောက်နိုင်တော့ဘူးဆိုမှ... ဟုတ်ဘူးလေ ကိုတုံရ... မိုးရွာရင် ဆိုတဲ့အကြောင်းကို ရေးခိုင်းတာတဲ့... ဒါနဲ့ပဲ ရေးပါပြီဗျာ...

မောင်လှတို့ကတော့ မိုးရွာရင် ခပ်ရှင်းရှင်းပဲဗျ... အအေးမိပြီး ဖျားမှာစိုးလို့ အိပ်တယ်ဗျာ... ကဲ ဖိုးချမ်းရေ... အိပ်ပြီဆိုတော့ ဘာမှ ဆက်ရေးစရာ မလိုတော့ဘူးဟုတ်လား... သြော်.. ဖိုးချမ်းက နည်းနည်းပါးပါတော့ ရေးပါဦးဆိုလို့ ဘလော့ဆာဗာမှာ နေရာဖြုန်းလိုက်ဦးမယ်...
1996 ခုနှစ် က အကြောင်းပေါ့ဗျာ...
.... အပေါ်က စာကြောင်းတွေက ၁၆-၆-၀၇ တုန်းက ရေးခဲ့တာ... 1996 ခုနှစ်က အကြောင်းဆိုတာ ဘာလဲ မမှတ်မိတော့... သြော် .. ပြန်မှတ်မိပြီ... အခြေခံ သင်တန်း တက်ပြီး BISCA စရေးတတ်ခါစကပေါ့... စလုံးတွေကို ဘယ်ကနေညာ သွားရင် လွယ်တယ်... ခုမှ စရေးတာဆိုတော့ စာလုံးတွေ ညာဘက်ကနေ ဘယ်ဘက်ကို ဘယ်လို ရွှေ့ရမှန်းမသိဘူး... အဲဒါ စဉ်းစားရင်း မိုးရွာထဲမှာ အိမ်ကို ပြန်သွားတာ အိမ်ပြန်ရောက်တော့ လက်ပတ်နာရီကို ချွတ် .. လျှပ်စစ်မီးဖိုပေါ် တင်ထားပြီး ရေနွေးအိုးကို အဲဒီပေါ် ထပ်တင်မိတာ မနက်ရောက်တော့ နာရီ မီးကင် ဖြစ်သွားလေရော...

Comments

Ad