photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Saturday, March 31, 2007

Chindwin College - MDY

ဒီနေ့ မနက် Sedona hotel မှာ ကျင်းပပြုလုပ်တဲ့ Chindwin College ရဲ့ ကျောင်းကဖွင့်လှစ်မယ့် သင်တန်းများနဲ့ ပတ်သက်တဲ့ seminar တစ်ခုကို သွားခဲ့ပါတယ်... ဆယ်တန်းဖြေပြီးသူတွေ၊ G.T.I ပြီးထားသူတွေ၊ B.Tech ရထားသူတွေနဲ့ အခြား တက္ကသိုလ်တက်ရောက်နေသူများ တက်ရောက်နိုင်တဲ့ Engineer နဲ့ ပတ်သက်တဲ့ Edexcel BTEC Higher National Diploma လက်မှတ်ရ Junior Engineer သင်တန်းတွေ မွေးထုတ်ပေးမယ့် သင်တန်း ဖြစ်ကြောင်း သိရပါတယ်... ဒီ diploma ရပြီးရင် ကျောင်းဆက်တက်ချင်တယ် ဆိုရင် UK နိုင်ငံ University of Sunderland မှာ Final Year B.Eng ကို ဆက်လက်တက်ရောက် နိုင်ကြောင်းလည်း သိရပါတယ်... ပထမအသုတ်နေနဲ့ သင်တန်းကို မေလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား ဦးရေ အယောက် ၂၀ သာ လက်ခံမှာ ဖြစ်ကြောင်းလည်း သိရပါတယ်...
ဆက်သွယ်နိုင်မယ့် လိပ်စာက - Sabai Building, Bet 77 & 78, 31 & 32 St., Mandalay ဖြစ်ပါတယ်...

No comments: