gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ညွှန်းပါရစေ... (Myanmar Bloggers)

ပထမဆုံး ညွှန်းလိုတာက... http://saturngod.blogspot.com/ ပါ...
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တက် နေတဲ့သူပါ... Saturngod ကို သူ့ blog မဖတ်ခင် Planet Forum မှာ စမြင်ဖူးတာပါ... ကျတော်က သူ့ရေးရဲ့ အမ်အမ်ဂျီလိုက် ယူဇာပါ... နည်းပညာ အကြောင်းတွေ အများဆုံးရေးသား ထားတဲ့ လူငယ် လူတော် တစ်ယောက်ဖြစ်တဲ့ saturngod ရဲ့ blog ကို သွားရောက် ဖတ်ရှုကြည့်ပါဦးလို့ ညွှန်းပါရစေ...


http://zincolatt.blogspot.com/
ဒီနေ့မှ ဝင်ဖတ်ကြည့်မိတဲ့ ကိုဇင်ကိုလတ်ရဲ့ blog ပါ... ကိုဇင်ကိုလတ်က သူ့ရဲ့ blog ကို Danger Zone လို့ နာမည် ပေးထားပါတယ်... ဟိုအကြောင်း ဒီအကြောင်း ဘဝဇာတ်ကြောင်းတွေနဲ့ ရုပ်ရှင် အကြောင်းတွေ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးများကို ရေးသားထားတာ တွေ့ရပါတယ်...

http://sannoo.blogspot.com/
မန္တလေးသား နောက်ထပ် တစ်ယောက်ပါ... ကျတော်ရဲ့ ဆရာလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖတ်လည်း ဖြစ်တဲ့ ကိုဆန်းဦးပါ... ခုလတ်တလောကတော့ သူဆွဲထားတဲ့ သင်္ကြန်မဏ္ဍပ်နောက်ခံ ပုံတွေ တင်ထားပါတယ်... လူပျိုကြီး ကိုဆန်းဦးက ငါမငယ်တော့ဘူး ... (အသက်) ဘုရားတရား လုပ်ဦးမှ ဆိုပြီး နောက်ထပ် blog တစ်ခု လုပ်ထားတာ ရှိပါသေးတယ်... http://www.our-nirvana.blogspot.com/ ပါ... ကိုဆန်းဦးဆိုတာကို မိတ်ဆက်ပေးချင်တာက internet ထဲမှာ ပျံ့နှံ့ဖူးတဲ့ Flash နဲ့ မြန်မာလိုရေးထားတဲ့ Wheel Of Fortune ကို ရေးသားသူဖြစ်ပါတယ်... ယင်း program အပြင် Myanmar TypingXP, မဟာဘုတ်ဗေဒင်နှင့် အခြား Program များကိုလည်း ရေးသားဖူးပါတယ်...

သိနေပြီးသား ဖြစ်နေရင်၊ ဖတ်နေကြ blog တွေ ဖြစ်ရင်တော့ ခွင့်လွှတ်ကြပါဗျာ...

Comments

Unknown said…
ကိုမောင်လှရေ . . အခုလိုကျွန်တော့်ဘလော့ခ်လေးကို ညွှန်းပေးထားတာကျေးဇူးပါပဲ။ ကိုမောင်လှဘလော့ခ်ကို ကျွန်တော့်ဆီမှာလင့်ခ်ပေးချင်ပါတယ်။ ခွင့်ပြုမယ်မဟုတ်လား။

Ad