gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

သီချင်းများမရပ်မယ့်နေ့... (Mandalay News)

မနက်ဖြန်မှာ သီချင်းဖျော်ဖြေပွဲ မန်းလေးမှာ ၂-ပွဲနဲ့ ပြင်ဦးလွင်မှာ ၁-ပွဲရှိပါတယ်... မန်းလေးမှာ လုပ်မယ့် ၂-ပွဲစလုံးက မြို့တော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး ၁-ပွဲက ညနေ ၅-နာရီ၊ တစ်ပွဲက ည ၇-နာရီမှာ စတင် ဖျော်ဖြေမှာ ဖြစ်ကြောင်း ယင်းတို့၏ ကြော်ငြာဘုတ်များ အရ သိရပါတယ်... ည ၇-နာရီ ဖျော်ဖြေမယ့်ပွဲကတော့ ယခင်က မဟာနွယ်စဉ်အားကစားကွင်းမှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာထားတဲ့ ကျားပေါက်ရဲ့ The Big Show in Bag ပွဲဖြစ်ပြီး ညနေ ၅-နာရီမှာ စတင်ဖျော်ဖြေမယ့်ပွဲကတော့ Rock Vs Hip Hop ပွဲဖြစ်ပါတယ်...ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ့် ပွဲကတော့ အိုင်စီရဲ့ ပွဲပါ... လက်မှတ် တန်ဖိုးက ၅၀၀၀-ကျပ်ပါ...
ဒီနေ့မှာလည်း SkyWalk Shopping Mall တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ကျင်းပ ပြုလုပ်တဲ့ သီချင်းဆို ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ရှိပါတယ်... 78th Shopping Mall မှာလည်း ကိုရီးယား မင်းသား၊ မင်းသမီးများနဲ့ တူသူများ ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်...
"သီချင်းများမရပ်မယ့်နေ့..." ဆိုတဲ့ ခေါင်းစဉ်ရွေးပေးတဲ့ ကိုသခင်ကြီးကို ကျေးဇူးအထူးတင်ပါတယ်..
My Tags: Mandalay News, Myanmar News, Burma News

Comments

MYO HAN HTUN said…
မြန်မာပြည်မှာ ကိုးရီးယားရုပ်ရှင်ရောဂါ ပြန့်ပွားနေတယ် ဆိုပဲ။ ကိုရီးယား မင်းသား၊ မင်းသမီးများနဲ့ တူသူများ ပြိုင်ပွဲမှာ မန္တလေးက မျက်လုံးမှေးမှေးနဲ့ တရုတ်မလေးတွေ အတွက်တော့ ရွှေ ပဲပေါ့ဗျာ။ :D

Ad