gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၁

မောင်လှရေ...
မနေ့က ၆-တန်းကတည်းက အတူပေါင်းလာတဲ့ သူငယ်ချင်း ၅-ယောက် ပြန်ဆုံဖြစ်တယ် သိလား... သြော်... ကျန်တဲ့သူတွေလည်း လာလာဖတ်နေကြတာပဲ... ဖိုးဇော် ဆိုတာဘယ်သူတုန်း ဆိုတာ ပြောလိုက်ဦးမယ် မောင်လှရေ...
ဖိုးဇော်ဆိုတာ ကျောင်းကတည်းက သူငယ်ချင်း... ပန်းချီဆရာ၊ ဒီဇိုင်းဆရာ... ကျောင်းမှာ ပန်းချီဆွဲရင်း သိခဲ့ ခင်ခဲ့တဲ့ အရင်းအနှီးဆုံးဖြစ်လာတဲ့ သူငယ်ချင်း... ဖိုးဇော် အကြောင်းက စိတ်ဝင်စားစရာကောင်းသည်... သူ့ဇာတိက မန္တလေး-မတ္တရာသွားတဲ့ လမ်းမပေါ် တည်ရှိတဲ့ လင်းမြွေချောင်းရွာ ဇာတိ... သိကြပါသလား ခင်ဗျာ... မသိသေးရင် ထပ်ညွှန်းရမယ်ဆိုရင် ကြာနီကန်ရွာ... ကြာနီကန် ဆရာတော်ကိုတော့ ကြားဖူးကြမယ် ထင်ပါ့... ခုတော့ ကြာနီကန်ရွာဆိုတာ သင်္ချိုင်းကြီး တည်ထားသည်... အဲဒီရွာရဲ့ တောင်ဘက်မှာ လင်းမြွေချောင်းဆိုတဲ့ ရွာရှိသည်...
ဖိုးဇော်ရဲ့ ဖခင်၊မိခင်တွေက တောင်သူလယ်သမားကြီးတွေ... သို့သော်လည်း သူတို့ သားကို ပညာတတ် ဖြစ်စေချင်တော့ မန္တလေး အနောက်ပြင်၊ မြောက်ပြင်ကလူတွေ အားထားတဲ့ အမှတ်(၁) အ.ထ.က မှာ အလယ်တန်းက စပြီး ကျောင်းထားပေးခဲ့သည်... လင်းမြွေချောင်းရွာကနေ ကျောင်းအထိ လိုင်းကားနဲ့လာတဲ့ အခါလာသည်... နောက်ပိုင်း စက်ဘီးအစုတ်ကလေးနဲ့ ကျောင်းသွား ကျောင်းပြန်လုပ်သည်... နေ့စဉ် မညည်းမငြူ မပင်မပန်း ကျောင်းသွားကျောင်းပြန် လုပ်သည်... ၆-တန်းဖြေပြီးတဲ့အချိန် ပံသုစန္ဒာမှာ ပန်းချီသင်တန်း တက်တော့ ဖိုးဇော်က ဆရာကြီးဦးအောင်ခင် သင်တာကို လိုက်မှတ်ရင်း ကျတော်တို့လို့ ငချွတ်လေးတွေကို လိုက်ကူညီပေးသည်... ကျောင်းလည်း တစ်ကျောင်းတည်းဖြစ်တော့ ခင်မင်သွားကြသည်...
အဲဒီကနေ ဖိုးဇော်နဲ့စခင်သည်...

နောက်များမှ ဆက်ပါမည်...

My Tags: မောင်လှရေ..., MaungHla, MgHla, Poe Zaw, Painter, Artist, Designer,

Comments

Hi Ko Mg Hla,
I ve started my blog in Feb this year. Whenever I need to change settings, I refer your blog and Ko NLS' blog. Also Ma Sanay advices me. Thank you so much for it. Please let me invite you to visit my blog and advice me. I am very admire you and other some myanmar bloggers.

With respect,
Mr.Pooh
www.myanmaroa6.blogspot.com

Ad