Skip to main content

မန်းတောင်ခြေက ဘီလူးမ

မွေးနေ့တုန်းက NativeMyanmar.com မှာရေးတဲ့ NwaiHnin (နွေနှင်း) ပေးတဲ့ မွေးနေ့လက်ဆောင် စာအုပ်လေးကို မနေ့ရဲ့ မနေ့ကမှ စဖတ်မိတယ်... မောင်ဘနောက် ရေးတဲ့ မန်းတောင်ခြေက ဘီလူးမ နှင့် ပြုံးစရာ ဆောင်းပါးများ ဆိုတဲ့ စာအုပ်လေးပါ... ရွှေမန္တလေးဂျာနယ်မှာ မြန်မာစာနဲ့ ပတ်သက်တဲ့ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာမို့ရယ်... အဲဒီ ဆောင်းပါးတွေ ဖတ်ကြည့်တော့ ကျတော် နားမလည်နိုင်လို့ရယ်... ဆရာ မောင်ဘနောက်ရေး တာကို ပျင်းစရာကောင်းမယ် ထင်ပြီး အရင်က မကိုင်ကြည့်ခဲ့တာပါ... အခု ဆောင်းပါး ၄-ပုဒ်လောက် ဖတ်ပြီးတာနဲ့တင် တော်တော် ကောင်းတဲ့ စာအုပ်လို့ ညွှန်းပါရစေ...

ကြွက်က လူကိုချွတ်တယ် ဆောင်းပါးမှ...
တစ်ညမှာပေါ့။ ကိုဂွကျော် တစ်ယောက် ကြွက်အရှင်တစ်ကောင်နဲ့ ငါးမျှားထောက်ထားတဲ့။ နောက်နေ့မှာ သွားကြည့်။ ကြွက်လည်း မရှိ။ ငါးလည်း မမိ။ မျှားတံမှာ ကြိုးပြတ်တန်းလန်း။
ဘယ်လိုများ ဖြစ်တာပါလိမ့်။ ဝိသေသထူးပါဘိ။ ငါးမိပြီး ရုန်းလို့ ကြိုးပြတ်သွားတာလား။ လူခိုးဖြတ်သွားတာလား။ သည်လိုမျိုး တစ်ခါမျှ မကြုံဖူး။ ကြုံရချက် ထူးသနော်။
ဘာပဲဖြစ်ဖြစ် မျှားတံကိုဖြုတ်ပြီး အိမ်ကိုပြန်ခဲ့။ အိမ်ရောက်တော့ မျှားတံထားနေက စပါးကျီနားအသွား “ကျွိ ကျွိ” မြည်သံကြားလို့ အကြိုအကြား ဝင်အကြည့် -
“ဘုရား ဘုရား ဘုရား”
မတစဖူး ဘုရား သုံးကြိမ်တိတိ တမိရပါပေါ့။
လား ... လား။ မျှားချိတ် တန်းလန်းနဲ့ ကြွက်မလေးက နီးထွေးနုငယ် ကြွက်မမည်ကလေးတွေကို နို့ချို တိုက်ကျွေး၊ အာဟာရ ဖြည့်တင်း ပေးနေရှာပါတကား....
.....................................................
.....................................................
.....................................................
သို့ကလို စဉ်းစားတွေးတောပြီးတဲ့နောက် ကိုဂွကျော်ဟာ မျှားချိတ်ကို ဖြုတ်ပေး၊ ဒဏ်ရာကို ဆေးထည့်ပေးဖို့ ရည်ရွယ်ချက်နဲ့ ကြွက်မလေးကို ပုဆိုးနဲ့ အသာအယာ အုပ်ဖမ်းလိုက်ပါတယ်။
အလို မြတ်စွာဘုရား။ သနားစရာ ကြွက်မလေးခမျာ သားငယ်တွေကို နို့ချို တိုက်ကျွေးရင်း ခန္ဓာစဲလို့ သေပွဲဝင်နေရှာပါပကော...

စာအုပ်လက်ဆောင်ပေးတဲ့ နွေနှင်းကို အထူး ကျေးဇူးတင်ပါတယ်...



My Tags: Mg Ba Nauk, Mandalay Hill

Comments

MELODYMAUNG said…
so pity mother rat.
But thattawar ta ku kan ta ku par.
Anonymous said…
You'r Welcome , Bro. :D

His article concerning "understanding" is I like most.
Unknown said…
Dear Bro,
I want to know your email address.
I use wheel of Fortune for my portal .

With Regards,
Nilar Soe
[email protected]

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...