gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မီးဟေ့... မီး... မီး....

  • မနေ့က ညစာစားနေတုန်း ... မီးဟေ့ ... မီး... မီး... နီး နီးလေး ဆိုတာနဲ့ ကျတော် မောင်လှခင်ဗျာ... စားလက်စ ထမင်းပန်းကန်ကို ချ... အိမ်အပေါ်ထပ်ကို ပြေးတက်ပြီး ကြည့်လိုက်တော့ ဟောဗျာ... အနောက်ဘက် အရပ်မှာ မီးလောင်နေတဲ့ မီးအရှိန်တွေတွေ့... မီးခိုးတွေက အရှေ့ဘက်လာ နေတာဆိုတော့ စိတ်တွေ ဂရောက် ဂယက်ဖြစ်ပြီး .. လမ်းမပေါ်ထွက်ကြည့်မှ စိတ်နည်းနည်း သက်သာရတယ်... ကျတော်တို့ အိမ်နဲ့ ၅-ပြ ၆-ပြ လောက် ဝေးတဲ့ နေရာမှာ ဖြစ်နေလို့လေ... ဒါပေမယ့် စိတ်တော့ နည်းနည်းပူမိသား... မီးက လောင်နေတုန်းမို့ပါ... ည ၇-နာရီလောက်က စလောင်တာ ၇း၃၀-နာရီလောက်မှာ ငြိမ်းနိုင်လေရဲ့... အိမ် ၃-လုံးတော့ ပါသွားတယ်... စလောင်တာ ဗီဒီယိုပြတဲ့ အိမ်ကပါ... မီးစက်က ရှော့ဖြစ်ပြီး ထလောင်တာတဲ့... ကဲ... မီးရေ...
  • မနေ့မနက်ကလည်း သရဲဈေးနားမှာ မီးလောင်ပါသေးတယ်... ရပ်ကွက်က ဝိုင်းငြိမ်းလို့ ငြိမ်းသွားတယ်ဆိုပဲ... အနီးအနား ၁-ပြမှာ မီးသတ်ကားရှိပေမယ့်... နှိုးမရလို့ တွန်းပြီး သွားရသတဲ့ဗျာ...
  • ပြီးခဲ့တဲ့ အပတ်ကလည်း ဘုရားကြီးဘက်မှာ မီးလောင်တာ လူ ၁-ယောက် ပျက်စီးမှုဖြစ်တယ်လို့လည်း တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ကြားရကြောင်းပါ...



My Tags: Myanmar News, Mandalay News, မန်းလေး, မန္တလေး, မန္တလေး သတင်း,

Comments

Ad