gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ရွှေစာရံ ဘုရားပွဲသို့ တစ်ခေါက်တခါ...

မနေ့က NativeMyanmar Forum က သူငယ်ချင်းတွေနှင့် ရွှေစာရံ ဘုရားပွဲကို ရောက်ခဲ့ပါတယ်... Bagannat, NgweHninMyu, ကျတော့် သူငယ်ချင်း မောင်မိုး ၊ ကျတော်နှင့် မဒမ် မောင်လှ တို့ပေါ့ဗျာ... ကိုသခင်ကြီးကတော့ လိုက်ချင်ပေမယ့်လည်း အလုပ်အပြီး အပ်စရာရှိလို့ မလိုက်နိုင်ပါဘူး... ရွှေစာရံဘုရားပွဲကို တစ်ခေါက်မှ မရောက်ဖူးပါဘူး... အခုမှ ပထမဆုံးအကြိမ် သွားဖူးတာပါ... မေမြို့ကို ကားနဲ့ သွားတုန်းက ရွှေစာရံကို နီးနီးလေး ထင်ရပေမယ့်... ဆိုင်ကယ်နဲ့ ကိုယ်တိုင် သွားကြည့်မှ ဝေးပါလားဆိုတာ သိရပါတယ်... ဆိုင်ကယ်နဲ့ အဝေးဆုံး ခရီး သွားဖူးတာပါ... လူ နည်းနည်း ပဲ ရှိမယ် ထင်ပြီး သွားမိတာ ဘယ်ဟုတ်မလဲ များလိုက်တဲ့လူတွေ... ပျော်တော့ ပျော်စရာကြီးပါပဲ... ကာလသား ကိုကိုများကတော့ နားတောင်းချချောင်းထဲ ဆင်းပြီး ရေဆင်းဆော့ နေကြလေရဲ့... မမ ကာလ သမီးများကတော့ ကမ်းပေါ်ကနေ အားပေးကြလေရဲ့....

လူများတာ ယုံပြီလား...

ဝယ်ကြပါဦး... ရှမ်းပြည်ကလာတဲ့ မုန့်ခေါင်းအုံးတွေ...

ကာလသားတို့ ရေဆော့မယ်...

မမတို့လည်း ကြည့်ဦးမယ်...

ဒါက ဆိုင်ကယ်အပ်တဲ့ နေရာ ၁-ခု... ကားအပ်တဲ့ နေရာ ၄-ခုလောက် တွေ့ခဲ့တယ်...

My Tags: Myanmar News, Mandalay News, Shwe Sar Yan, ရွှေစာရံ သတင်း မြန်မာ မန္တလေး

Comments

Anonymous said…
အော် ..ကိုမောင်လှကြီးရယ် ..
မန်းလေးနဲ့ နီးနီးလေးကို များဗျာ ..
ကျွန်တော်လဲ ၂ ခေါက်ပဲ ရောက်ဖူးတာပါ ..
နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ် ..
Chan Mya Soe said…
ပုံတွေကတော့ ဂွတ်ဗျာ .. တကယ်ကျေးဇူးတင်တယ် ... သွားချင်စိတ်ပေါက်ပေါက်လာတယ် :) နောင်လည်း များများ ရိုက်နိုင်ပါစေဗျာ။ Group Photo မရိုက်ခဲ့ဘူးလားဗျ။ ရိုက်ခဲ့ရင်တင်ပါဦး။ ဒါနဲ့ စကားမစပ်
ကိုတုံနဲ့ မဒမ်မောင်လှတို့လည်း ရေဆော့ခဲ့ကြတယ်မလား မညာနဲ့ .. မှန်မှန်ပြော ... :P လိမ်ရင် ငရဲကြီးတတ်တယ်
MYO HAN HTUN said…
မန္တလေးသားဖြစ်ပေမယ့် .. ရွှေစာရံကို မရောက်ဖူးဘူး။ ဒါပေမယ့် တစ်ရက်တော့ သွားလည်ကြည့်ချင်တယ်။
s_potato said…
ကိုမောင်လှကြီး........ဘေဘီမောင်လှလေးရောမခေါ်သွားဘူးလား

Ad