gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

လတ်လတ်ဆတ်ဆတ် မန္တလေး သတင်းတွေ...

မန္တလေးမြို့ရဲ့ အဓိက လမ်းမကြီး ဖြစ်လာတဲ့ ၇၈-လမ်းဟာ ၂၆-လမ်းမကြီးကနေစပြီး ခုဆို ၃၈-လမ်းအထိ အထင်ကရ ဆိုင်များ၊ shopping mall များနဲ့ စည်ကားလာပြီး မန္တလေးမြို့ရဲ့ မဟာ downtown ဧရိယာဖြစ်သွားပြီလို့ ကျတော် ဆိုချင်ပါတယ်... ၃၃-၃၄ လမ်းကြားမှာ ရတနာပုံဈေး၊ YCC (ယခင် MICT Park) ၊ Relax, လူငယ်တွေ အသွားများကြတဲ့ Skywalk Shopping Mall, Orange Supermarket တို့ရှိပြီး ယခု ယင်းနဲ့ မလှမ်းမကမ်း၊ မန္တလေးအခေါ် ၄-ပြ အကွာမှာ 78th Shopping Mall ရဲ့ grand opening ကို ယနေ့ပြုလုပ် ကျင်းပနေပါတယ်... 78th Shopping Mall မှာ ရန်ကုန်မြို့မှာ နာမည်ရနေတဲ့ City Mart မန္တလေးဆိုင်ခွဲ၊ နှင့် အခြားဆိုင်ခန်း များစွာ ပါဝင်ပြီး ကလေးစားကွင်းနှင့် ရုပ်ရှင်ရုံ ၁-ရုံလည်း ပါဝင်မှာ ဖြစ်ကြောင်းသိရပါတယ်...



Comments

MYO HAN HTUN said…
ပုံတွေမြင်ပေမည့် မန္တလေးပြန်ရောက်ရင်တော့ “တောသားမြို့ရောက် ဖာလူဒါ သောက်” ဆိုတဲ့ အတိုင်းဖြစ်နေမလားဗျာ။
(ဖာလူဒါ မမြင်ဖူးတဲ့ တောသားတစ်ယောက် အတွက်တော့ အထူးအဆန်းနဲ့ အရသာတွေ့နေခြင်း ကို ဆိုလိုပါတယ်)

မြင်တဲ့နေရာတိုင်းကို ငေးမောရမှာကတော့ အမှန်ဖြစ်နေမှာပါ ဗျာ .. မန္တလေးအကြောင်းတွေအတွက် ကျေးဇူးတင်ပါတယ်။ ..
Myo Kyaw Htun said…
တိုးတက်လာပြီဟေ့ :)
(ကိုမောင်လှ ဓာတ်ပုံတွေ အတွက် ကျေးဇူးနော်)
Anonymous said…
ko tone bogyi par,,ho ta law ka twa. lite thay tal ..ko tone ka car nal..

Ad