gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

လူဘယ်က ဖြစ်လာသလဲ Adult Only (18+)

ပုဂံဖိုရမ်မှာတုန်းက တင်ခဲ့ဖူးတာလေးပါ... သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ပုံပြင်လေးပေါ့... ကြားဖူးချင်လည်း ကြားဖူးကြမှာပါ...

မောင်လှ ရေ . . .

ဒီနေ့တော့ လူဘယ်က ဖြစ်လာသလဲ ဆိုတဲ့ ပုံပြင်လေး တစ်ပုဒ် ရေးမယ်ကွာ . . .

လူဆိုတာ ဗြဟ္မာကြီးလေးဦးက ဖြစ်လာတာလည်း မဟုတ်ဘူးဆိုဘဲ . . . အာဒံနဲ့ ဧ၀က ဖြစ်လာတာ မဟုတ်ဘူးဆိုပဲ . . . ဒါဆို ဘယ်ကဖြစ်လာတာလဲ ဆိုတော့ လူဆိုတာ လဥက ဖြစ်လာတယ်ဆိုပဲကွ . . . (အမောင် အက်ဒမင်များ ဆင်ဆာမဖြတ်ကြရန် ကျွန်ုပ်ရှင်းပြအံ့) လူဆိုတာ နေနတ်သားနဲ့ လနတ်သမီးတို့ အကြောင်းဆက် ပေါင်းဖက်လို့ ဖြစ်လာကြတာတဲ့ဗျ . . . အဲဒီလိုနဲ့ လနတ်သမီးမှာ နေနတ်သားရဲ့ရင်သွေးလေးကို လွယ်ထားရသတဲ့ . . . အဲဒီတုန်းက အခုလို ကိုယ်ဝန်ဆောင်ရတာ မဟုတ်ဘဲ ဥဥပြီးမွေးတာတဲ့ဗျာ . . .

(အမောင်တို့ - ကြက်က ဥရင် ဘာဥလဲ... ကြက်ဥပါဗျ ... ဘဲက ဥရင်ရောဗျ . . . ...ဘဲဥပါဗျ ... မြွေက ဥရင်ရော ... မြွေဥပါဗျ ... ကဲ ဒီလောက်ဆို အမောင်တို့ ရှင်းလောက်ပြီ ထင်ပါရဲ့ )

လဥသည့်အတွက် လဥဟု ခေါ်ပါသည် အမောင်တို့ . . . လနတ်သမီးမှာ လဥရှိနေစဉ်ကာလမှာ နေနတ်သားက သားဆက်ခြား စီမံကိန်း မလုပ်ရလေခြင်းဟု လနတ်သမီးကို အပြစ်တင်လေသတဲ့ . . . အဲဒီက စပြီး အကြီးအကျယ် ရန်တွေဘာတွေ ဖြစ်ကြရာမှ နေနတ်သားက လနတ်သမီးကို စွန့်ပြစ်သွားသတဲ့ . . . လနတ်သမီးကလည်း စိတ်တော်ညစ်ညူးပြီး နေနတ်သားရဲ့ ရင်သွေး လဥကြီးကို စွန့်ပစ်လိုက်သတဲ့ . . .

(အမောင်တို့ ၄င်း လဥကြီး ဘယ်ကို ရောက်သွားတယ် ထင်သလဲ . . . ... အဲ . အာကသထဲ လျှောက်မျောနေမှာပေါ့ဗျ ... )

မောင်တို့ မှားလေပြီ . . . ယင်း လဥကြီးသည် ကမ္ဘာမြေကြီးပေါ်ကျရောက်လာသတဲ့ . . . ရိုးရိုးတန်းတန်းမြေပြင်ပေါ်မကျဘဲ ဒိုင်နိုဆော တို့ မစင်စွန့်တဲ့ တွင်းကြီးထဲ ကျသွားသတဲ့ . . . မစင်တွင်းဆိုတော့ မစင်တွေနဲ့အတူ လောက်တွေလည်း ရှိပါသတဲ့ . . .

ယင်း လဥကြီး ပေါက်ဖွားချိန်တန်တော့ လူဖြစ်မယ့် အမွှာအကောင်နှစ်ကောင် ပေါက်ဖွားလာသတဲ့ . . .တစ်ကောင်က လောက်ကြောက်သတဲ့ . . . အဲဒီ လောက်ကြောက်တဲ့ အကောင်က မိန်းမဖြစ်သွားသတဲ့ . . . တစ်ကောင်ကတော့ လောက်မကြောက်ဘူးတဲ့ . . . ... အမောင်တို့ ဒုတ်ပီး၊ ဒါးပီး၊ သနတ်ပီး တယ်ဆိုတယ် စကားလုံးတွေကြားဖူးမှာပါ ... အဲဒီအကောင်က လောက်မကြောက်ဘူးဆိုတာထက် လောက်ပီးသွားသတဲ့ . . . အဲဒီအကောင်လေးက ယောက်ျားလေး ဖြစ်သွားသတဲ့လေ . . .

ဒီပုံပြင်လေးက ယောက်ျားနဲ့ မိန်းမ ဘယ်ကဖြစ်သဲဆိုတဲ့ ပုံပြင်လေးပါပဲ . . .
Keywords: funny, adult, 18+, ပုံပြင်

Comments

NLS said…
ဟားဟားဟားဟား

ကိုမောင်လှရယ်. အူတက်လို့ သေတော့မယ်။ မိန်းမတွေ လောက်ကြောက်သတဲ့လားဗျာ.. ဟားဟားဟာ။
mgthantzin said…
a bit sexually-explicit... :(
Unknown said…
ဟားဟားဟား ... ရယ်ရတယ်ဗျို့ ... အရေးအသားကလဲ ကောင်းပဗျာ။ ပုံပြင်လေးတွေရှိသေးရင် ထပ်တင်ပါအုံး။
မာ့ခ် said…
ဟားဟားဟားဟား
ကောင်းပဗျာ။
Anonymous said…
ဟားဟား ဟားဟား ဟားဟား ဟားဟား ဟားဟား
Thar Gi said…
ဟားဟားဟားဟား။


ကျွန်တော်တို့လောက်မကြောက်ဘူးဗျ။ လောက်ပီးတယ်။
Chan Mya Soe said…
သြော် ... လက ဥတော့ လဥကိုး ... ဟားဟား

Ad