gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Web Page ထဲမှာ Windows Media Player ထည့်ကြမယ်...

ဘန်နာအောက်မှာ သီချင်းဖွင့်လို့ ရတဲ့ windows media player လေး တတ်ချင်ရင်  အောက်မှာ ပြထားတဲ့ ကုတ်လေးတွေ body ထဲမှာ ထည့်ပေးလိုက်ရင် ရပြီ...  mms ဆာဗာတွေက သီချင်းတွေ ယူသုံးမှ Firefox မှာ အဆင်ပြေမယ်...  အခြားနေရာမှာ တင်ထားတဲ့ဟာတွေဆို download manger တင်ထားရင် ဒေါင်းလုပ် လုပ်မလားလို့ပဲ လာမေးလိမ့်မယ်...
www.myanmarmp3.net နဲ့ www.planet.com.mm တွေမှာ mms ဆာဗာထိုင်ထားပါ...
src နေရာမှာ သီချင်းလိပ်စာလေး ထည့်ပေးလိုက်ရုံပါပဲ...
width, height တွေကတော့ ပြောစရာ လိုမယ် မထင်ပါဘူး...
autostart = 0 ဆို play ခလုပ်နှိပ်မှ အသံထွက်မယ်... 1 ဆိုရင် သူ့ဘာသာသူ play ပေးမယ်...
showcontrols = 1 က ခလုပ်တွေ ပေါ်အောင်လုပ်ပေးတယ်... ဖျောက်ချင်ရင် 0 ထားလိုက်ဗျာ...

<EMBED type="application/x-mplayer2"
pluginspage="http://www.microsoft.com/Windows/MediaPlayer/"
SRC="mms://streamserv.myanmarmp3.net/mmp3/stream/Various/SarThoneKyee/07-Ngar Toe Lan Dae Nate-Myo Kyawt Myaing.wma"
name="MediaPlayer1"
width=945
height=30
autostart=0
showcontrols=1>
</EMBED>
ကျတော် blogger.com နဲ့ blogspot.com ဒိုမိန်းတွေထဲ ၀င်ကြည့်လို့မရလို့ ဒီစာလေးတွေကို အီးမေးနဲ့ ပို့ထားရပါတယ်... အဆင်မပြေမှု ဖြစ်လာရင် လတ်တလော ကျတော် ပြန်ပြင်လို့ မရသေးပါဘူး... 
CityFM ကို Firefox မှာ နားထောင်လို့ ရတာနဲ့ စမ်းကြည့်ထားတာပါ...
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်...

Comments

NLS said…
ကိုမောင်လှ...ထထ...၁၀နာရီ ကျော်နေပြီ သွားစားမယ် ခုချိန်ဆို ယူနီစံမှာ ကောင်မလေးတွေ သိပ်လှတယ်။ :)
မေ said…
coding အတွက်ကျေးဇူး ကိုမောင်လှရေ။ တချို့သီချင်းတွေက mp3 ဖိုင်မရှိလို့ myanmarmp3 ကနေ နားထောင်ရတာတွေ ရှိတယ်။ အတော်ပဲ စမ်းတင်ကြည့်ဦးမယ်။ ဒါနဲ့ blogger နဲ့ blogspot က ဘယ်လိုဖြစ်တာပါလိမ့်၊ မန္တလေးက တခြားဆရာလေးတွေ အိုကေကြတယ် မဟုတ်လား။ ဒါဆို ခု comment ကိုလည်း ကိုမောင်လှ ဘယ်လိုဖတ်မလဲ :(
MgAlbert said…
အဆင်ပြေတယ် ကိုမောင်လှရေ။ ခုလို မရတဲ့ကြားထဲက တစ်ကူးတစ်က ပို့ ရအောင်တင်ပြီး coding မျှဝေတာ ကျေးဇူးပါဘဲဗျာ။ ကိုမောင်လှလဲ ဒီဒုက်ခက မြန်မြန် ကျွတ်ပါစေ။
MgHla said…
ဝင်လို့ မရသေးဘူးဗျို့... ခုကျော်ဝင်ပြီး comment တွေ လာဖတ်နေတာ...
IT နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကလွဲရင် ၀င်လို့မရဘူး ဖြစ်တေယ်...
microsoft.com ပါ ၀င်လို့မရဘူး...
Unknown said…
ကိုမောင်လှရေ ကျနော်က အခုမှဘလော့ကိုစလုပ်တာလေ ကျနော်က အခက်အခဲတွေအများကြီးရှိတယ်--
မေးခွန်းကများရင် ခွင့်လွတ်ပါဗျာ-
ပို့တွေကို အပြည့်အစုံသို့ကိုဘယ်လုပ်လဲ။
သီချင်းတွေကို ကိုယ့်စက်ထဲကနေဘယ်လိုတင်လဲ။
အဲဒါလေးတွေကိုစိတ်ရှည်ရှည်နဲ့ပြောပြပေးစေချင်ပါတယ်။
ကျနော်အီးမေးက [email protected]
blog name ka www.pyaesonelay.blogspot.com
Unknown said…
ကျေးဇူးပါကိုမောင်လှ ၀င်ဖတ်ပါတယ် အမြဲ

Ad