gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဟိုဟို ဒီဒီ...

အင်တာနက် မြန်နှုန်းတော့ မမေးနဲ့ဗျာ တင်ချင်တာတွေ တင်လို့မရလို့ ခု e-mail ကနေ ပို့ကြည့်တာ... ပျက်သွားလည်း ပျက်သွားဆိုပြီးတော့ပေါ့ဗျာ... သတင်းကောင်းလေး တစ်ခု လက်ဆင့်ကမ်းချင်လို့ပါ...
မန္တလေးရှိ နေရာတော်တော်များများများ နေ့တိုင်း လျှပ်စစ်မီးလာနေပါပြီ... လာလိုက်ပျက်လိုပ်ပေါ့ခင်ဗျာ... ဘယ် အချိန် ပျက်မလဲ ဆိုတာတော့ မှန်းလို့ရပါဘူး... ကျတော်တို့ အိမ်ဘက်မှာဆို တစ်နေ့ကို ၃-နာရီလောက်ပဲ ပျက်တယ်ထင်ပါတယ်... ပျက်ရင် နာရီဝက် ၁-နာရီလောက်ပါပဲ... မီးနေ့တိုင်းလာလို့ ပေါ်တယ်ဗျာ... အိမ်က အင်ဗာတာတောင် အားပြည့်လွန်းလို့ ပိတ် ပိတ်ထားရတယ်... မယုံမရှိနဲ့ တကယ်ပါခင်ဗျ...
ဂျီမေးလ်တွေ ဂျီတော့ခ်တွေ ပြန်ပွင့်နေတာတော့ သိပြီးသား ဖြစ်မှာပါ... ခုဂျီမေးလ်ကို speed ကောင်းရင် http://www.gmail.com ကနေတောင် ၀င်လို့ရပါတယ်... gmail lite တွေ ဘာတွေတောင် သုံးစရာ မလိုပါဘူး...
မန္တလေးမှာ အိမ် ၀င်းခြံကာမယ်ဆိုရင် အပိတ်ဖြစ်မယ်ဆို မြေပြင်မှ အမြင့် ၆-ပေထက်မပိုရ၊ အတွင်းနဲ့ အပြင် မြင်ရမယ့်ဟာမျိုးနဲ့ ကာမယ်ဆို မြေပြင်မှ အမြင့် ၈-ပေထက် ပိုမမြင့်ရဘူးလို့ စည်ပင်မှ သတင်းထုတ် ပြန်ထားကြောင်း ကြားသိရပါတယ်...

...e-mail ဖြင့် ပေးပို့သည်...

Comments

Ad