Skip to main content

Posts

fb Security Features and Tips အပိုင္း-၅

Security Features and Tips အပိုင်း-၅ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Phishing မလုပ်ခံရအောင် ဘယ်လို လုပ်ရမလဲ …? How do I avoid getting phished? သံသယဖြစ်စရာကောင်းတဲ့ message နဲ့ emails များကို သတိထားပါ… သံသယဖြစ်စရာ email/message ရောက်လာရင် မယုံကြည်ပါနဲ့။ သံသယဖြစ်စရာကောင်းတဲ့ message နဲ့ emails တွေဆိုတာက ဘယ်လိုဟာတွေကိုပြောတာလဲဆိုရင် ကံစမ်းမဲပေါက်တယ်၊ ထီပေါက်တယ်၊ အမွေရလို့ငွေတွေ ပေးချင်တယ်၊ facebook ကနေ မင်းရဲ့ account/page ကို ဖျက်တော့မယ်၊ ban တော့မယ်ဆိုပြီး ပို့တဲ့ email/message တွေမျိုးကို ပြောတာပါ။ “Security Features and Tips အပိုင်း-၃” မှာ နမူနာရေးပြခဲ့ပါတယ်။ facebook ကနေ email ပို့ရင် fb.com , facebook.com , facebookmail.com ဒိုမိန်းတွေနဲ့ပဲ ပို့ပါတယ်။ facebook ကပို့တဲ့ message တွေကို www.facebook.com ဒါမှမဟုတ် facebook app ကနေဝင်ရေ

fb Security Features and Tips အပိုင္း-၄

Security Features and Tips အပိုင်း-၄ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ ကျော့် Phishing ဆိုတာကြီး လုပ်ခံရပြီထင်တယ် ဘာလုပ်ရမလဲ... I THINK I'VE BEEN PHISHED. WHAT CAN I DO? အကယ်၍ ကျော့်တို့ဟာ Phishing လုပ်တဲ့ website ထဲဝင်မိပြီး username, password တွေရိုက်ထည့်ခဲ့မိရင် phishing website ပိုင်ရှင်က ကျော့်တို့ရဲ့ facebook account တွေထဲကို ဝင်လို့ ရနိုင်ပါတယ်။ အဲဒါကြောင့် အောက်မှာ ဖော်ပြထားတာတွေကို လုပ်သင့်ပါတယ်… ကျော့်တို့ရဲ့ facebook account ထဲကို ဆက်ပြီး ဝင်လို့ ရနေသေးတယ်ဆိုရင် password ကို ချက်ချင်းပြောင်းပြီး အခုဝင်နေတဲ့ device ကလွှဲပြီး ကျန်တဲ့ ပစ္စည်းတွေကို အကုန် log out လုပ်လိုက်ပါ။ လုပ်လို့ရတဲ့ နည်းလမ်းတွေက.... ကိုယ့် account hack ခံရတယ်လို့ သံသယရှိရင် Where you’re logged in မှာ ဝင်စစ်ပြီး မလိုတဲ့ device တွေထဲမှာ ဝင်ထားတဲ့ fb accou

fb Security Features and Tips အပိုင္း-၃

Security Features and Tips အပိုင်း-၃ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/166863010078512 ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ What is Phishing? Phishing ဆိုတာက ဘာလဲဆိုတာ ဘာသာမပြန်သေးချင် ကျော့်အရင် ရွှီးစရာရှိတာ ရွှီးဦးမယ်။ Phishing အသံထွက်နဲ့ Fishing အသံထွက်က အတူတူပဲ။ မယုံရင် google မှာ “phishing pronounce” နဲ့ “fishing pronounce” ဆိုပြီး ရှာကြည့်ပါ။ ကျော့်ပြောတိုင်းလည်း မယုံနဲ့ ကိုယ်တိုင်လေ့လာပြီးမှာ ယုံပါ။ ဘာသာဆက်ပြန်ပြီး ကျော့်နားလည်သလို ရွှီးမယ်ဗျာ။ ကျော့်တို့ရဲ့ facebook account ကို လိုချင်တဲ့သူက ကျော့်တို့ဆီကို “မင်း iPhone 12 Pro Max ကြီး ကံစမ်းမဲပေါက်တယ်။ ဒီထဲကို ဝင်ကြည့်ပါ။” ဆိုပြီး message ဒါမှ မဟုတ် email ပို့လာတယ်။ ဒါက ဥမပါပြောတာ... အဲလေ ဥပမာပြောတာ။ အခြားအကြောင်း အရာတွေလည်း ဖြစ်နိုင်တယ်။ “အပျိုကြီးဘဝက ဘယ်တော့ လွတ်မလဲသိချင်ရင် ဝင်ကြည့်ပါ” … “နန်းမွှေဆန်ရဲ့ လုံးတီးအလှကို အခုပဲ ဝင်

fb Security Features and Tips အပိုင္း-၂

fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

fb Security Features and Tips အပိုင္း-၁

fb Security Features and Tips အပိုင်း-၁ _ ___________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________   Protect your password ●       ကိုယ့်ရဲ့ Facebook မှာ အသုံးပြုထားတဲ့ password ကို အခြားနေရာတွေမှာ ပြန်လည် အသုံးမပြုပါနဲ့။ ဒါအပြင် အခြားသူတွေကို ပြောပြတာမျိုးလည်း လုံးဝ မလုပ်ပါနဲ့။ ●       ကိုယ့်ရဲ့ password ဟာ စဉ်းစားရခက်တဲ့ စကားလုံးတွေပါတဲ့ password မျိုး ဖြစ်သင့်တယ်။  Password ထဲမှာ ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် အသုံးများတဲ့ စကားလုံးတွေ မပါသင့်ပါဘူး။   Creating a Strong Password ကိုယ့်ရဲ့ password အသစ်ပေးမယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေကို လိုက်နာပေးပါ... ●       password ဟာ ကိုယ့်အတွက် မှတ်သားရလွယ်ယူပြီး အခြားသူတွေ ကိုယ့် password ကို အလွယ်တကူ ခန့်မှန်းလို့ မရတဲ့ password မျိုးဖြစ်သင့်ပါတယ်။ ●       ကိုယ့်ရဲ့ facebook password ဟာ အခြား

ပိုမိုလုံခြုံတဲ့ facebook account ဖြစ်အောင်

စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အားမှ အပျင်းပြေ ဖတ်ပါ... ________________________________________________ Password တွေကို ခန့်မှန်းရခက်တဲ့ password များထားပါ။ ________________________________________________ Password ပေးတဲ့ နေရာမှာ အလွယ်တကူ ခန့်မှန်းလို့ရတဲ့ မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ကိုယ့်နာမည်၊ ချစ်သူနာမည်ပေးတာမျိုးတွေ ရှောင်ရှားပါ။ ဥပမာ - 11111111, 12345678 Password ပေးတဲ့အခါ ခန့်မှန်းရခက်တဲ့ စကာလုံးများ၊ capital letter (A - Z), small letter (a - z), number (0 - 9), special character (!@#$%^&*<>?)ပါတဲ့ Password ကိုပေးပါ။ ဥပမာ - Un!0noFMy@nrnar3ncrypt , uN!t3Dst@t3oFmYanrn@r Password မှာ capital letter, small letter, number, special character များ ပါဝင်ပြီး စာလုံးအရေအတွက်များပါက password ကို program တွေသုံးပြီး hack ဖို့ ပိုမိုခက်ခဲပါတယ်။ hack ဖို့ အတွက် အချိန်ပိုမို ယူရပါတယ်။ Facebook နဲ့ Gmail password တွေကို အတူတူထားတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ် facebook account ဖွင့်ထားတဲ့ e-mail က gmail မဟုတ်တဲ့ အခြား e-mail ဖြစ်ခဲ့ရင် Facebook နဲ့ Gmail password တွေကို မတူအောင်ထားပါ။