Skip to main content

fb Security Features and Tips အပိုင္း-၁

fb Security Features and Tips အပိုင်း-၁

_


___________________________________________________________

စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်...

____________________________________________________________

 

Protect your password

      ကိုယ့်ရဲ့ Facebook မှာ အသုံးပြုထားတဲ့ password ကို အခြားနေရာတွေမှာ ပြန်လည် အသုံးမပြုပါနဲ့။ ဒါအပြင် အခြားသူတွေကို ပြောပြတာမျိုးလည်း လုံးဝ မလုပ်ပါနဲ့။

      ကိုယ့်ရဲ့ password ဟာ စဉ်းစားရခက်တဲ့ စကားလုံးတွေပါတဲ့ password မျိုး ဖြစ်သင့်တယ်။  Password ထဲမှာ ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် အသုံးများတဲ့ စကားလုံးတွေ မပါသင့်ပါဘူး။

 

Creating a Strong Password

ကိုယ့်ရဲ့ password အသစ်ပေးမယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေကို လိုက်နာပေးပါ...

      password ဟာ ကိုယ့်အတွက် မှတ်သားရလွယ်ယူပြီး အခြားသူတွေ ကိုယ့် password ကို အလွယ်တကူ ခန့်မှန်းလို့ မရတဲ့ password မျိုးဖြစ်သင့်ပါတယ်။

      ကိုယ့်ရဲ့ facebook password ဟာ အခြား ကိုယ့်ရဲ့ e-mail account, bank account တွေနဲ့ မတူတဲ့ password မျိုးထားပါ။

      စာလုံးနည်းတဲ့ password ထက် စာလုံးအရေအတွက် ပိုများတဲ့ password က ပိုပြီး လုံခြုံစိတ်ချရပါတယ်။

      ကိုယ့်ရဲ့ E-mail, ဖုန်းနံပါတ်၊ မွေးနေ့တွေကို password မပေးသင့်ပါဘူး။

      Password အသစ်ပြောင်းတဲ့အခါ password က strong မဖြစ်ပါဘူးလို့ပြနေရင် စာလုံးအကြီး (UPPERCASE) နဲ့ စာလုံးအသေး (lowercase) တွေရောပြီးပေးပါ။

      ကိုယ်အတွက်မှတ်ရတာ လွယ်ကူတဲ့ စကားစု၊ စကာလုံးအစုအဝေးတွေပေးပါ။ အခြားသူတွေ ခန့်မှန်းရခက်တာမျိုးတော့ ဖြစ်ပါစေ။

ဥပမာ -

ကိုယ့် password ကို “မအေ-ိုးမအလ” လို့ ပေးမယ်ဆိုကြပါစို့။ “maayelowmaahla” နဲ့ “MAAYELOWMAAHLA” တို့ထက် “MaAyeLowMaAhLa” က ပိုမို လုံခြုံ စိတ်ချရတဲ့ password ပါ။ ဒါပေမယ့် password တွေ crack လုပ်တဲ့ software တွေ အသုံးပြုမယ်ဆိုရင်တော့ စိတ်မချရပါဘူး။

အဲဒါကြောင့် အဲ့ဒီထက် ပိုမို လုံခြုံစိတ်ချချင်ရင်တော့ “rn@A43l0vvmaAh!a” ပုံစံမျိုးပေးပါ။

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...