Skip to main content

fb Security Features and Tips အပိုင္း-၃

Security Features and Tips အပိုင်း-၃


____________________________________________________________
စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/166863010078512 ကို မှီးငြမ်းရေးသားပါတယ်...
____________________________________________________________
What is Phishing?
Phishing ဆိုတာက ဘာလဲဆိုတာ ဘာသာမပြန်သေးချင် ကျော့်အရင် ရွှီးစရာရှိတာ ရွှီးဦးမယ်။ Phishing အသံထွက်နဲ့ Fishing အသံထွက်က အတူတူပဲ။ မယုံရင် google မှာ “phishing pronounce” နဲ့ “fishing pronounce” ဆိုပြီး ရှာကြည့်ပါ။ ကျော့်ပြောတိုင်းလည်း မယုံနဲ့ ကိုယ်တိုင်လေ့လာပြီးမှာ ယုံပါ။ ဘာသာဆက်ပြန်ပြီး ကျော့်နားလည်သလို ရွှီးမယ်ဗျာ။
ကျော့်တို့ရဲ့ facebook account ကို လိုချင်တဲ့သူက ကျော့်တို့ဆီကို “မင်း iPhone 12 Pro Max ကြီး ကံစမ်းမဲပေါက်တယ်။ ဒီထဲကို ဝင်ကြည့်ပါ။” ဆိုပြီး message ဒါမှ မဟုတ် email ပို့လာတယ်။ ဒါက ဥမပါပြောတာ... အဲလေ ဥပမာပြောတာ။ အခြားအကြောင်း အရာတွေလည်း ဖြစ်နိုင်တယ်။ “အပျိုကြီးဘဝက ဘယ်တော့ လွတ်မလဲသိချင်ရင် ဝင်ကြည့်ပါ” … “နန်းမွှေဆန်ရဲ့ လုံးတီးအလှကို အခုပဲ ဝင်ကြည့်လိုက်ပါ” ... “ကေးကြီးလုစ်ရဲ့ စမူဆာကို မြည်းစမ်းကြည့်ဖို့ ဒီမှာ စာရင်းပေးလိုက်ပါ” … “တံခွန်ကုတ်ကားရဲ့ ငှက်ပျော်သီးကို စမ်းကြည့်ချင်လား” ဘာညာကွိကွ မက်လုံးတွေ ပေးပြီး phishing လုပ်တာမျိုးပေါ့။ ဥပမာ ပြောပါတယ်။
ကျော့်တို့လည်း အလကားရတာ နည်းလားဆိုပြီး ဒီထဲဆိုတဲ့ link ကို နှိပ်ပြီး ဝင်ကြည့်လိုက်တယ်။ facebook account နဲ့ ဝင်ပါပြောတော့ iPhone 12 Pro Max တောင် ရမှာပဲဆိုတဲ့ စိတ်၊ ၃-ထောင်ပေးရင် fb account ပြန်ဖွင့်လို့ရတယ်ဆိုပြီး username နဲ့ password ထည့်ချလိုက်ပြီး ဝင်ချလိုက်တယ်။ အဲဒီတော့ ကျော့်တို့ရဲ့ fb account ကို phishing လုပ်တဲ့သူက ရသွားရော။
ကျော့်တို့ရဲ့ fb account ရသွားရင် phishing လုပ်တဲ့သူက မူရင်းဆောင်းပါးမှာတော့ spam တွေ ပို့ဖို့အတွက်သုံးတယ်လို့ ရေးထားတယ်။ ကျော့်တို့ ဘန်းကျော်မှာတော့ ပိုက်ဆံလိုက်ချေးဖို့အတွက် အများဆုံး သုံးကြတာ တွေ့ဖူးတယ်။
Photo Credit: ideas.ted.com iStock

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...