နမူနာအနေနဲ့ ဂျပန်စာကနေ အင်္ဂလိပ်စာကို ဘာသာပြန်ပြပါ့မယ်... Google Translate app ထဲကို ဝင်ပြီး Japanese ရဲ့ ညာဘက်က အောက်ကိုပြနေတဲ့ မြှားကို တို့ထိလိုက်ပါ... ဂျပန်ဘာသာစကားကို Offline ဘာသာပြန်တာနဲ့ Instant ဘာသာပြန်တာတွေ လုပ်နိုင်ဖို့ Japanese ရဲ့ ညာဘက်က download ခလုတ်ကို နှိပ်ပြီး download လုပ်ပါ... Offline/Instant ဘာသာပြန်တာ မသုံးရင်တော့ download လုပ်စရာ မလိုပါဘူး... မြန်မာစာအတွက်ကတော့ Offline/Instant ဘာသာပြန်တာ မရသေးပါဘူး... back key နဲ့ အပြင်ကိုပြန်ထွက်ပါ... Google Translate app စဝင် ဝင်ခြင်းပုံအတိုင်းမြင်ရပြီ ဆိုရင် Camera ပုံကို နှိပ်ပါ... Instant ဘာသာပြန်တာကို ပိတ်ပြီးအရင်စမ်းမှာ ဖြစ်တဲ့ အတွက် လိမ္မော်ရောင်စက်ဝိုင်းနဲ့ ဝိုင်းပြထားတဲ့ မျက်လုံးပုံ အစိမ်းရောင်ကို တစ်ချက်နှိပ်ပါ... Instant OFF လို့ ပြသွားပါလိမ့်မယ်... အောက်ဆုံးအတန်းရဲ့ ဘယ်ဘက် icon လေးကတော့ ဖုန်းထဲမှာရှိတဲ့ ပုံထဲမှာပါတဲ့ စာသားတွေကို ဘာသာပြန်တဲ့ အချိန် အသုံးနိုင်ပါတယ်... အခုတော့ ကင်မရာနဲ့ ဘာသာပြန်တာကို သုံးမှာ ဖြစ်တဲ့ အတွက် အလယ်က အနီရောင်နောက်ခံ ကင်မရာပုံကို တစ်ချက်နှိပ်ပါ... ကိုယ်ဘာသာပြန်ချင်တဲ့
MgHla's ဒိုင်ယာရီ