Skip to main content

Google Translate app သုံးပြီး ပုံထဲကစာတွေကို ဘာသာပြန်ခြင်း...

နမူနာအနေနဲ့ ဂျပန်စာကနေ အင်္ဂလိပ်စာကို ဘာသာပြန်ပြပါ့မယ်...


Google Translate app ထဲကို ဝင်ပြီး Japanese ရဲ့ ညာဘက်က အောက်ကိုပြနေတဲ့ မြှားကို တို့ထိလိုက်ပါ...


ဂျပန်ဘာသာစကားကို Offline ဘာသာပြန်တာနဲ့ Instant ဘာသာပြန်တာတွေ လုပ်နိုင်ဖို့ Japanese ရဲ့ ညာဘက်က download ခလုတ်ကို နှိပ်ပြီး download လုပ်ပါ... Offline/Instant ဘာသာပြန်တာ မသုံးရင်တော့ download လုပ်စရာ မလိုပါဘူး... မြန်မာစာအတွက်ကတော့ Offline/Instant ဘာသာပြန်တာ မရသေးပါဘူး...

back key နဲ့ အပြင်ကိုပြန်ထွက်ပါ... Google Translate app စဝင် ဝင်ခြင်းပုံအတိုင်းမြင်ရပြီ ဆိုရင် Camera ပုံကို နှိပ်ပါ...


Instant ဘာသာပြန်တာကို ပိတ်ပြီးအရင်စမ်းမှာ ဖြစ်တဲ့ အတွက် လိမ္မော်ရောင်စက်ဝိုင်းနဲ့ ဝိုင်းပြထားတဲ့ မျက်လုံးပုံ အစိမ်းရောင်ကို တစ်ချက်နှိပ်ပါ...

Instant OFF လို့ ပြသွားပါလိမ့်မယ်... အောက်ဆုံးအတန်းရဲ့ ဘယ်ဘက် icon လေးကတော့ ဖုန်းထဲမှာရှိတဲ့ ပုံထဲမှာပါတဲ့ စာသားတွေကို ဘာသာပြန်တဲ့ အချိန် အသုံးနိုင်ပါတယ်... အခုတော့ ကင်မရာနဲ့ ဘာသာပြန်တာကို သုံးမှာ ဖြစ်တဲ့ အတွက် အလယ်က အနီရောင်နောက်ခံ ကင်မရာပုံကို တစ်ချက်နှိပ်ပါ...

ကိုယ်ဘာသာပြန်ချင်တဲ့ စာသားရှိတဲ့နေရာကို ကင်မရာချိန်ထားပြီး စာသားနဲ့ ကင်မရာ ရေပြင်ညီ ဖြစ်အောင် ချိန်ပြီး (Align text) ကင်မရာပုံကို နှိပ်ပါ...

Use your finger to highlight text လို့ပေါ်လာရင် ကိုယ်ဘာသာပြန်လိုတဲ့ စာသားတွေကို လက်နဲ့ တို့ထိ select ပေးပြီး ဘာသာပြန်နိုင်သလို Select All ကို တို့ထိပြီး ပုံထဲမှာပါသမျှ စာသားတွေကို ဘာသာပြန်နိုင်ပါတယ်...

ဘာသာပြန်ထားတာ preview ပြနေတဲ့ စာရဲ့ ညာဘက်မှာရှိတဲ့ အပြာရောင်မြှားကို တို့ထိလိုက်ပါ...

အခုလိုပေါ်လာပြီဆိုရင် JAPANESE အောက်က ပုံထဲက ဂျပန်စာတွေကို text အဖြစ်နားလည်သွားတာ ဖြစ်တဲ့ အတွက် select ပေးပြီး copy ကူးယူလို့ရပါတယ်... အဲဒီလိုပါပဲ ENGLISH အောက်ထဲက ဘာသာပြန်ထားတဲ့ စာတွေကိုလည်း copy ကူးယူပြီ လိုသလို အသုံးပြုလို့ရပါတယ်...

ထပ်ပြီးတော့ Instant translation ကို စမ်းကြည့်ရအောင်ပါ...
ကင်မရာပုံကို ထပ်နှိပ်ပါ...

Instant translation လုပ်မှာဖြစ်တဲ့ အတွက် မျက်လုံးပုံ အစိမ်းရောင်ကိုနှိပ်ပြီး Instant ON ဖြစ်အောင်လုပ်ပါ...

ဂျပန်စာသားရှိတဲ့နေရာကို ကင်မရာထောက်လိုက်တာနဲ့ screen ပေါ်မှာ English လို ဘာသာပြန်ပေးတာကို တွေ့ရပါလိမ့်မယ်...

အခုက Japanese ကနေ English ကို ဘာသာပြန်တဲ့နည်းကို ရေးပြခဲ့တာပါ... Google Translate app သုံးပြီး သူ့ထဲမှာပါတဲ့ ဘာသာစကားတွေ အချင်းချင်း ဘာသာပြန်လို့ရပါတယ်... အခြားဘာသာစကား တစ်ခုခုကနေ Myanmar (Burmese) ကို ဘာသာပြန်ရင်တော့ ထွက်လာတဲ့စာသားတွေကို Unicode နဲ့ဖော်ပြပေးပါတယ်...

Google Translate က Conversation အကြောင်း...

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...