Skip to main content

Posts

Google Maps ကို အသုံးပြုပြီး လုပ်ငန်း တည်နေရာများအား ရှာဖွေခြင်း

ဒီ video ကတော့ Google Maps ကို အသုံးပြုပြီး hotel, restaurant, ATM လိုမျိုး လုပ်ငန်း တည်နေများ ရှာဖွေ လမ်းညွှန်ခိုင်းတဲ့ နည်းကို ပြောပြပေးထားပါတယ်...

Google Maps သုံးကြမယ်...

မိမိ ရောက်ရှိနေတဲ့ နေရာကို လမ်းညွှန်ချင်တာပဲ ဖြစ်ဖြစ်... နေရာ တစ်ခုခုကို အခြား တစ်ယောက်ကို လမ်းညွှန်ချင်တာပဲ ဖြစ်ဖြစ်... ဘယ်လို လုပ်ရမလဲဆိုတာကို ရှင်းပြထားပါတယ်... ကျတော့်ရဲ့ ပထမဆုံး video post ဖြစ်တဲ့ အတွက် သည်းခံပြီး ကြည့်ရှုနားဆင်ပေးကြပါ... ချစ်ခြင်းအားဖြင့် မောင်လှ  #GoogleMaps #Maps #Navigation

ကျော့် မှ မေတ္တာရပ်ခံခြင်း

မေတ္တာရပ်ခံခြင်း ||||||||||||||||||||||||| "ကျော့်" ဆိုတဲ့ အသုံးကို ကျော့် စသုံးခဲ့ပါတယ်... မြန်မာစာကို ဖျက်ဆီးသူ ကျော့်ပေါ့... "ကျော့" လို့ စသုံးခဲ့တယ်... မိန်းကလေးအမည်တွေမှာ "ကျော့" ပါတတ်လို့ မြန်မာစာမှာ မရှိတဲ့ စကားလုံး ဖြစ်တဲ့ "ကျော့်" ဆိုပြီး သုံးခဲ့တယ်... ယခုအခါ တချို့ ချို့တွေ "-့ " မပါဘဲ "ကျော်" ဟု သုံးနေတာတွေ တွေ့ရှိနေရပါတယ်... ယောက်ျားလေးအမည်များမှာ "ကျော်" ပါတတ်လို့ ကျော် လို့သုံးတာ ရပ်ပြီး "ကျော့်" သုံးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်... ခင်မင်စွာဖြင့် "ကျော့်" စာလုံးဖြင့် မြန်မာစာ ဖျက်ဆီးသူ မောင်လှ (ခ) ထင်လင်းအေး "ကျော့်" အသံထွက် စကားပြောကို စတင် သုံးစွဲသူမှာ ကျော့်တို့ချစ်ခင်လေးစားရတဲ့ rocker ကြီး လေးဖြူပါ... ကျတော် ကျော့်ကို သုံးတာထက် ပိုစောပါတယ်... ကျွန်တော် > ကျတော် > ကျော့်

MgHla နှင့် #ooredoo စိတ်ကြိုက်နံပါတ် ဝယ်ယူခြင်း အတွေ့အကြုံ

ooredoo အရောင်းဆိုင်မှာ ဝယ်လို့ရမယ်ထင်လို့ အရောင်းဆိုင်ကို မနေ့က သွားတော့ ooredoo call center 234 ကို ဖုန်းဆက်မှာပြီးမှ အရောင်းဆိုင်မှာ ပြန်လာဝယ်ရမှန်း သိခဲ့ရတယ်။ အဲ့ဒါနဲ့ ooredoo ဖုန်းနဲ့ 234 ကိုဆက်ပြီး ကျတော်လိုချင်တဲ့ နံပါတ်ရှိလား စုံစမ်းတော့ ရှိတယ်လို့ ပြန်ဖြေတယ်... ဈေးမေးကြည့်တော့ ကျတော်လိုချင်တဲါ နံပါတ်က ၁၅၀ဝိ/- ပါပဲ... ယူမယ်ပြောလိုက်တာနဲ့ call center ဝန်ထမ်းက အခြားသူတွေ ဝယ်လို့မရအောင် password လိုမျိုး ကိုယ်ပေးချင်တဲ့ code ၈-လုံးပြောခိုင်းပါတယ်... ပြီးရင် ဝယ်ချင်တဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံးကို သေချာ ပြန်ပြောပြပါတယ်... ဆိုင်မှာ သွားဝယ်တဲ့အခါဝယ်မယ်ပြောထားတဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံး တူမှ ဝယ်လို့ရမယ့် အကြောင်းရယ်၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် ယူသွားဖို့ရယ်၊ ဖုန်းဆက်တဲ့ အချိန်ကစပြီး ၂၄-နာရီ အတွင်းသာ ဝယ်ယူနိုင်ကြောင်း ရှင်းပြပါတယ်... ၂၄-နာရီအတွင်း မဝယ်ဖြစ်ခဲ့ရင် 234 ကိုဖုန်းခေါ်ပြီး အခုလို ပြန်လုပ်ဖို့ ရှင်းပြပါတယ်... Call Center က ဝန်ဆောင်မှု ကောင်းပါတယ်... ဒီနေ့ ၇၃-လမ်းပေါ်က ooredoo အရောင်းဆိုင်ကိုသွားပြီး token နံပါတ်ယူပါတယ်... ရှေ့မှာ လူ ၇-ယောက် ၈-ယောက်လောက

Telenor ရယ်... ကျတော်ရယ်... အပိုင်း (၂)...

Telenor ရယ်... ကျတော်ရယ်... မှာဖြစ်ခဲ့တဲ့ အကြောင်းတွေပေါ် မူတည်ပြီး အပိုင်း (၂) ဆက်ဖြစ်ခဲ့ပါတယ်... Telenor ရယ်... ကျတော်ရယ်... မှာ မတင်မိခဲ့တဲ့ ဇာတ်လမ်းအစ BBC News SMS တွေကို အရင်တင်ပါရစေ...  Telenor ကနေပြီးတော့ facebook message ကနေဆင့်ရော၊ ဖုန်းဆက်ပြီးတော့ပါ ဇူလိုင်(၂)ရက်နေ့မှာ လုပ်ခဲ့တဲ့ Telenor Fans တွေ့ဆုံပွဲကိုဖိတ်ခဲ့လို့ တက်ရောက်ခဲ့ပါတယ်... မနက် ၁၀ နာရီ - ၁၁ နာရီ ၃၀ မိနစ် ဆိုပေမယ့် ပွဲကို ၁၀ နာရီ ၃၀ မိနစ်မှ စခဲ့ပါတယ်... ပွဲလုပ်ရာ ခန်းမထဲဝင်တာနဲ့ Door Gift အဖြစ် Telenor တံဆိပ် မတ်ခွက်၊ ထီး၊ စက္ကူnotepad၊ ဘောပင်၊ ကီးချိန်းပါတဲ့ အိတ်တစ်အိတ် လက်ဆောင်ပေပြီးတော့ ဓာတ်ပုံ အရိုက်ခံရပါတယ်... ပွဲပြီးတဲ့အချိန် ဘောင်ထဲထည့်ပြီး တက်ရောက်သူတွေကို လက်ဆောင် ပြန်ပေးပါတယ်... ကျတော် ဓာတ်ပုံမရိုက်ခဲ့ပါဘူး... အဲဒါကြောင့်ထင်ပါတယ်... တယ်လီနော ဝန်ထမ်း ကင်မရာကိုင်ထားသူက ကျတော့်ကို ဓာတ်ပုံခိုးရိုက်ပါတယ်... ကျတော်က ကင်မရာအကြောင်းမသိတော့ ခံရတာပေါ့... ပွဲမှာ Telenor Group အကြောင်းကို မိတ်ဆက်တဲ့ Cooperate Film, TVC များပြသပါတယ်... လမင်းကြီးဘယ်လောက်ကြီးဆိုတဲ့ TVC အကြောင်း မှတ်ချက်ပြန်တောင်းပါတယ်... Tel