Skip to main content

Posts

ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေသူများ အတွက် အလှူခံပါရစေ...

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် မန္တလေးမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော မန္တလေး ကွန်ပျူတာ အသုံးပြုသူများ လူမှုကွန်ယက် (Mandalay Computer Society) မှ လူအများ ပါဝင်သော ယာယီ အဖွဲ့အစည်း တစ်ခုမှာ ကျတော် အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်... ဒီအဖွဲ့အစည်းမှာ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ အမှုဆောင်များ၊ မန္တလေးမြို့နေ ကွန်ပျူတာ အသုံးပြုသူများ ပါဝင်ပါတယ်... ကျတော်တို့ရဲ့ MCS ကနေ တဆင့် ရခိုင်ပြည်နယ် အတွင်း ဒုက္ခရောက်နေသူတွေကို ငွေကြေး ကူညီချင်တယ် ဆိုရင်တော့ ကျတော်ဆီကို ငွေလွှဲနိုင်ပါတယ်... ပြည်တွင်းက အလှူရှင်များ ဘဏ်ကနေ ငွေလွှဲမယ် ဆိုရင်တော့ ... ထင်လင်းအေး ၉/မနမ(နိုင်) ၁၁၇၁၁၅ Phone: 09 7322 6762 အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank)၊ မန္တလေးဘဏ်ခွဲ ကို ကျေးဇူးပြုပြီး လွှဲပေးပါ ခင်ဗျာ... AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ အခြား ပြည်တွင်း ဘဏ်များကနေပြီးတော့လည်း ငွေလွှဲနိုင်ပါတယ်... AGD Bank ကို လွှဲပေးဖို့ အဆင်မပြေခဲ့ရင်တော့ မန္တလေးမြို့ ၈၃-လမ်း (ဈေးချို အနီး) ရိုးမဘဏ်၊ KBZ B

facebook အသုံးပြုသူများ secure browsing အား အသုံးပြုသင့်

သတင်း - CJMyanmar ၅-ဧပြီ-၂၀၁၂ ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။ ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော  facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။ ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ

မဟာသင်္ကြန်ပွဲတော်နှင့် စပ်လျဉ်းသည့် ပန်ကြားလွှာ NLD ပါတီ ကြေငြာချက်ထုတ်ပြန်

...

ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်ရုံးရေး ခရီးစဉ် ၃-မတ်-၂၀၁၂

၃-မတ်-၂၀၁၂ (စနေနေ့)မှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို စည်းရုံးရေး ခရီးစဉ်လာပြီး လူထုဟောပြောပွဲ လုပ်မယ်ဆိုတာနဲ့ ရုံးဖွင့်ရက် ဖြစ်တဲ့ အတွက် ခွင့်ကြိုယူထားပြီး ၃-မတ် နေ့ မနက် ၆-နာရီ ခွဲဝန်းကျင် လောက်ကတည်းက ကားကြုံခေါ်တဲ့ အကို တစ်ယောက်ရဲ့ ကားနဲ့ လေယာဉ်ကွင်းကို သွာဖြစ်ပါတယ်... အမြန်လမ်းမ တလျှောက် လေယာဉ်ကွင်ဆီ သွားနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အပြင် စက်ဘီးတွေကိုပါ အဆက်မပြတ် တွေ့ရပြီး လေယာဉ်ကွင်းရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ရောက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ အများကြီး တွေ့ရပါတယ်... ကျတော် ဓာတ်ပုံကိုတော့ လေယာဉ်ကွင်းကနေ ကျွဲဆည်ကန် ကားကြီး ဝင်းနားအထိလောက်ပဲ ရိုက်ဖြစ်ပါတယ်... အဲဒီ နောက်ပိုင်း ဗီဒီယို ရိုက်ရတာ စိတ်ပါလာလို့ ဗီဒီယိုပဲ ရိုက်ဖြစ်ပါတော့တယ်... ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံထဲက အချို့ကို အားပေးကြပါဦး... ကျန်တဲ့ ပုံအချို့ကို https://www.facebook.com/media/set/?set=a.10150653863274784.413656.691314783&type=1 မှာ သွားကြည့်နိုင်ပါတယ်... My Labels: Daw Aung San Suu Kyi, Nobel Prize Winner, Myanmar, Burma, Mandalay, Ava, Innwa

iPhone 3GS Modem Firmware 06.15.00 အတွက် Custom Firmware လုပ်ခြင်း...

iPhone 3GS Modem Firmware 06.15.00 တွေက Apple က ထုတ်တဲ့ Stock Firmware ကို တိုက်ရိုက် update လုပ်လို့မရပါဘူး... အဲဒီတော့ custom firmware အရင်လုပ်ပြီးမှ version upgrade လုပ်ရပါတယ်... ကျတော်အတွက် အဆင်ပြေဆုံးဖြစ်တဲ့ Sn0wBreeze နဲ့ custom firmware လုပ်နည်းကို ပြောပါ့မယ်... iOS 4.3.3, 5.0, 5.0.1 သုံးမျိုးစလုံး လုပ်ခဲ့ဖူးတာ လုပ်တဲ့ အဆင့်တွေ မကွာပါဘူး... ပထမဆုံး သက်ဆိုင်ရာ iOS firmware နဲ့ http://ih8sn0w.com/ က Sn0wBreeze ကို download လုပ်ထားပါ... Sn0wBreezexxx.exe ကို double click နှိပ်ပြီး run ပါ... ဒီ software က ငွေကြေးနဲ့ ရောင်းစားဖို့ ထုတ်ထားတာ မဟုတ်ပါဘူး... အကယ်၍ မင်း အခကြေးငွေနဲ့ ဝယ်ယူခဲ့တယ်ဆိုရင်တော့ ငွေပြန်တောင်းပါ... ဒီဟာက ရောင်းတာမဟုတ်ပါဘူး... ဒီsoftware ကြောင့် မင်းရဲ့ ဖုန်းပျက်စီးသွားရင်တော့ ငါတာဝန်မယူနိုင်ပါဘူး... ဆိုပြီး သတိပေးတဲ့စာသားပါတဲ့ windows စတင်မြင်ရပါလိမ့်မယ်... ဆက်သွားမယ်ဆိုရင်တော့ OK ကိုနှိပ်ပေါ့ဗျာ... ပျက်မှာ စိုးရိမ်လို့ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ close ကို နှိပ်ပေါ့...  OK နှိပ်ရင်တော့ အောက်ကပုံ အတိုင်း တက်လာပါလိမ့်မယ်... ကျတော် သုံးထားတဲ့ Sn0w