Skip to main content

Posts

Barcamp Yangon 2012 ကို ရောက်ခဲ့တယ်...

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁-ရက် နှင့် ၁၂-ရက် နေ့များမှာ ကျင်းပပြုလုပ်တဲ့ barcamp Yangon 2012 ပွဲကို သွားမယ် မသွားဘူး လုပ်နေတာ အနားကပ်တော့မှ သွားမယ်ဆုံးဖြတ်ပြီး ရောက်ခဲ့ပါတယ်... ရုံးဖွင့်ရက်ဖြစ်တဲ့ ၁၁-ရက်နေ့ကို ခွင့်ယူပြီး ၁၀-ရက်နေ့ ညကားနဲ့ ရန်ကုန် ဘားကမ့် တက်ရောက်ဖို့ ကိုဂျေ (ခ) ကိုသခင်ကြီး၊ ရဲဘော်သူရိန်၊ ကိုထက်တို့ အဖွဲ့ နဲ့အတူ ရန်ကုန် ဆင်းဖြစ်ပါတယ်... ၁၁-ရက်နေ့ မနက် ၆-နာရီလောက် အောင်မင်္ဂလာ ကားကွင်းရောက်ပြီး ရန်ကုန်က barcamper တွေ booking လုပ်ထားပေးတဲ့ မြေနီကုန်းက ဟိုတည်ကိုသွားပြီး ရထားတဲ့ အခန်းတစ်ခန်းမှာ မျက်နှာ သစ်ပြီး barcamp ကျင်းပမယ့် ICT Park ထဲကို taxi နဲ့ ချီတက်ကြပါတယ်...  အဝင်ပေါက်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကားတန်းရောက်နေတဲ့ အတွက် ဖွင့်ပွဲ ကျင်းပတဲ့ Main Building ရှေ့ကို အပြေးအလွား သွားခဲ့ရပါတယ်... ဖွင့်ပွဲ ပြုလုပ်မယ့် စင်အောက် ရှေ့ဆုံးတန်းမှာ ရန်ကုန်က blogger တွေ barcamper တွေ ကင်မရာ ကိုင်ထားသူတွေနဲ့ ပြည့်နှက်နေပါတယ်...  ကျတော်လည်း အတည်ပေါက်နဲ့ စင်ပေါ်ကို ဝင်ပြီး ဓာတ်ပုံသမား နည်းမယ့်နေရာကို PhotoCamp Mandalay 2011 အင်္ကျီအားကိုးနဲ့ ဝင်ရောက် နေရာယူပါတယ်... သိပ်မကြာပါဘူး Barc

Joke for All. All for Joke ကာတွန်းပြပွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( မန္တလေးတိုင်း ဒေသကြီး) NLD က ကြီးမှူးကျင်းပတဲ့ Joke for All. All for Joke ကာတွန်းပြပွဲကို ဒီနေ့ (၂၀-၁-၂၀၁၂) မှစပြီး (၂၂-၁-၂၀၁၂) အထိ ၂၆-လမ်း၊ ၈၇-၈၈ လမ်းကြားမှာ ရှိတဲ့ ပဒုမ္မာခန်းမမှာ ကျင်းပပြုလုပ်နေပါတယ်... နေ့လယ် ထမင်းစားပြီးတော့ ရဲဘော်သူရိန် နဲ့ အတူ အဲဒီ ကာတွန်းပြပွဲကို ရောက်ခဲ့ပါတယ်... ကာတွန်းပြပွဲနဲ့ အတူ ရန်ပုံငွေ ရရှိရေးအတွက် အမှတ်တရ ပစ္စည်းများကိုပါ ရောင်းချပေးနေတာ တွေ့ခဲ့ပါတယ်... ပြပွဲအတွင်း ကြည့်ရှုနေကြသူများ အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသော အကျဉ်းကျခံ နိုင်ငံရေး အကျဉ်းသားစာရင်းကို ဖတ်ရှုနေသူ ပြပွဲလာသူတစ်ဦး အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၁ အမှတ်တရ လက်မှတ်ရေးထိုးထားမှု မှတ်တမ်း - ၂ ဒေါ်အောင်ဆန်းစုကြည့်ပုံပါ T-Shirt အား ဝယ်ယူရန် ကြည့်ရှုနေသူ တစ်ဦး NLD မှ ရောင်းချနေသော အမှတ်တရ ပစ္စည်းဆိုင်   ကာတွန်းဆရာများမှ အမှတ်တရ ကာတွန်းရေးဆွဲနေပုံ My Labels: NLD, National League for Democracy, Cartoon Exhibition, Mandalay, Myanmar, Burma

X'mas Eve @ St. Josept Catholic Church Mandalay, Myanmar

၂၄-ဒီဇင်ဘာ-၂၀၁၁ ညက ကိုစူပါ က St. Josept Catholic Church (ကျတော်တို့ခေါ် ဖားသားလဖုန်း)မှာ X'mas Eve ရှိတယ်ဆိုတာနဲ့ ကိုစူပါ ၊ ကိုရှု တို့နဲ့ အတူ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်...  ၂၅-ဒီဇင်ဘာ-၂၀၁၁ မနက် ၂-နာရီလောက်မှ ဖားသားလဖုန်းကနေ ပြန်လာဖြစ်ပါတယ်... အဲဒီနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေကို အားပေးပါဦး... My Labels: X'mas Eve, Mandalay News, Religious news, Christmas

မန္တလေးတွင် ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဂုံးကျော် တံတား ၂-ခုအား ဆိုင်ကယ် စက်ဘီး အသုံးပြုခွင့် မပြုခြင်းကြောင့် ယာဉ်ကြောများ ယခုထက် ပိုမို ပိတ်ဆို့နိုင်

ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့) ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်... ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။ ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်.... လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။ ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်... မီးရထား ဘ

Ubuntu Hour Mandalay ကျင်းပမည်...

အခမဲ့ အသုံးပြုနိုင်တဲ့ Operating System အမျိုးစား တစ်ခုဖြစ်တဲ့ Linux မျိုးနွယ်ဝင် Ubuntu အကြောင်း ရှင်းလင်း ပြသ သရုပ်ပြပွဲကို မန္တလေးမြို့ ၃၂-၃၃လမ်း၊ ၇၇-၇၈ လမ်းကြား ရွှေဖြူပလာဇာ ဒုတိယထပ် ကွန်ပျူတာအသင်း ခန်းမမှာ လာမယ့် ၄-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှာ မနက် ၁၀-နာရီကနေ ညနေ ၅-နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်... တက်ရောက်မည့် သူများ http://u4mdy.doattend.com/ မှာ register ပြုလုပ်ပြီး e-mail နဲ့ ပြန်လည်ပေးပို့လာတဲ့ ticket ကို print ထုတ်ယူခဲ့ပါက Ubuntu OS install + software များပါတဲ့ DVD များ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်...  အသေးစိတ် အချက်အလက်များကို https://www.facebook.com/events/282616318443693/ မှာ မေးမြန်းနိုင်ပါတယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ရောက်ခဲ့တယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နေ့ခင်း ၂-နာရီကျော်လောက် ရောက်သွားတော့ နေ့လွှတ် တိရိစ္ဆာန် အကောင်ပုံ ချိုးထားတဲ့ မီးပုံပျံတွေ လွှတ်နေပါပြီ...  ကြက်ဆိုတဲ့ အမျိုးက မိုးပေါ်ပျံလို့လား ခင်ဗျ... မိုးပေါ် မပျံချင်လို့တဲ့... ကြက်တစ်ကောင်ရဲ့ ဘဝ နိဂုံးပေါ့ဗျာ... ဘာမှန်း ညာမှန်း မသိ မီးထိုးတဲ့ အောက်အထိလည်း ဝင်ရိုက်ခဲ့တယ်... ချယ်ရီဦးကြီး တက်သွားပြီး မီးကျည်တွေ ကျတော့်ဆီ ပြေးလာနေကြတယ်... ညှော်နံ့ရတယ်... အင်္ကျီတွေ မီးများ ပေါက်သွားသေးလား... ကားက ပြန်ထွက်လို့ မရလို့ ကားပေါ် အိပ်နေတဲ့အချိန် မီးရှုး မီးပန်း မီးကျည်တွေ ကျလာလို့ အပြင်ထွက်ကြည့်တော့ မီးပုံပျံကြီး ပျက်ကျ တာပါလား... မီးငြိမ်းစရာ မီးသတ်ဆေးဘူးလည်း မရှိဘူး... နောက်ဆုံးတော့ မီးမငြိမ်းဘဲ မီးလှုံကြနေလေရဲ့.... များပြားလှတဲ့ လူအုပ်ထဲမှာ လမ်းလျှောက်စရာမလိုဘဲ တရွေ့ရွေ့နဲ့ မျောပါလို့ မနည်း ရုန်းထွက်ခဲ့ရတယ်... များပြားလွန်းတဲ့ လောင်းကစားဝိုင်းတွေ... အရက်၊ ဘီယာပွဲတော်လို့ပါ ပြောနိုင်တဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်... မြန်မာ စည်ဘီယာ တစ်ခွက် ၇၅၀-ကျပ်ကနေ ၁၀၀၀-ကျပ် ဝန်းကျင်ဈေးရှိတယ်... တုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်ဆိုင်လေးတွေလည်း ေ