မန္တလေးမှာ ၇-၁၀-၁၀ နေ့ညနေစောင်းကတည်းက မိုးတွေရွာနေတာ အခုအချိန် အထိ ရွာနေတုန်းပါ... ရွာလိုက် တိတ်လိုက်ပေါ့... ရေတော်ပါတဲ့ မိုးပါ... မိုးရွာတဲ့ ရေတွေရော နားတောင်းကျချောင်း၊ ပန်းရံတော်ချောင်းတို့ကနေ လျှံတက်လာတဲ့ ရေတွေကြောင့်ပါ မနေ့က မနက်ပိုင်းမှာ မြို့သစ်ဘက် အချို့ နေရာတွေမှာ ခါးလောက်ထိ (၃-ပေခန့်) ကို ရေတွေ တက်နေတယ်လို့ သိရပြီး ညနေ ၄-နာရီနောက်ပိုင်း ထပ်သည်းတဲ့ မိုးကြောင့် အချို့ နေရာတွေမှာ ရင်ညွှန့်လောက်ထိ (၄-ပေလောက်အထိ) ရေတွေ တက်နေတယ်လို့ သိရပါတယ်... စေတနာရှင် တွေဆီကနေ အလှူငွေ ကောက်ခံပြီး ရေဝင်နေတဲ့ မြို့သစ်ဘက်တွေမှာ မနေ့ကစပြီး ထမင်းထုပ် ဝေနေတယ်လို့ သိရပါတယ်... အခု မနက် ၉း၁၅ နာရီမှာ Google Earth ကနေမြင်တွေ့ရတဲ့ တိမ်တိုက်ကြီးကိုလည်း ရှုစားပြီး မုန်တိုင်းကြီး အဆင့်သို့ မရောက်ဘဲ ပျက်ပြယ်သွားပြီး ရေဘေးက ကင်းဝေးကြပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး ခင်ဗျာ... My Labels: Mandalay, Myanmar, Burma, Weather
MgHla's ဒိုင်ယာရီ