ဒါနဲ့ စကားမစပ်... mghla.com ကို ဘန်ကောက်မြို့ အပြင်မှာရောင်းတဲ့ဆိုင်ကနေ သူငယ်ချင်းက ဝယ်ထားပေးတာပါ... ဒီနှစ် သက်တမ်းကုန်တော့ သက်တမ်းတိုးဖို့ ဝယ်ထားတဲ့ဆိုင်ကို ကျတော့်သူငယ်ချင်းသွားတော့ ဆိုင်ပိတ်ထား တာချည်းနဲ့ပဲ ကြုံနေလို့ အခုအချိန်ထိ သက်တမ်း မတိုးနိုင်သေးပါဘူး... အသစ်ဝယ်ဖို့ကလည်း ပြိတ္တာများမြူးသည့်ကာလ ဖြစ်သည့်အတွက် အသစ်ထပ်မဝယ်ဘဲ ငြိမ်နေတာပါ... လတ်တလောတော့ ကျော်ခွလာပေးကြဖို့ တောင်းပန်ပါတယ်ဗျာ... ဒါနဲ့ စကားမစပ်... ၂၀၁၀ အတွက် sm³ မြန်မာပြက္ခဒိန် ထွက်ရှိလို့လာပါပြီ... Java အထောက်အပံ့ပေးတဲ့ mobile phone handset များမှာ အသုံးပြုနိုင်တဲ့ sm³ 365 Free Calendar မြန်မာပြက္ခဒိန်ပါ... ဖုန်းထဲမှာ installation ပြုလုပ်ပြီးပါက 365 လို့နာမည်ပေးထားတဲ့ application ကို run လိုက်ရင်... Update Code A နဲ့ Update Code B ဆိုပြီး လာတောင်းပါလိမ့်မယ်... 2010 ခုနှစ်အတွက်ဆို A နေရာမှာ 2317 ထည့်ပေးရပြီး B နေရာမှာ 9101 ထည့်ပေးရပါတယ်.. ဒီပြက္ခဒိန်ကို R&aS software (sm³) အဖွဲ့ကနေ အခမဲ့ဖြန့်ချီတာပါ... http://www.multiupload.com/ZN04QK2UJ8 ဒါနဲ့ စကားမစပ်... 8th Myanmar ICT Week ပွဲကို ခေမီကို ကနေတုန်း ရောက
MgHla's ဒိုင်ယာရီ