Skip to main content

Posts

ကျတော် သဘောကျ မိတာလေးတွေ...

Nikon က Nikon D300s နဲ့ Nikon D3000 Digitial Camera အသစ် ၂-မျိုးကို ထုတ်လိုက်ပြန်လေပြီ... Nikon D5000 camera ပိုင်ရှင်ဆိုရင်တော့ ဒါလေး သွားဖတ်ပါဦး... PC hardware ပေါ်မှာ Mac OS တင်ချင်တော့ အကောင်းဆုံး လမ်းညွှန်ချက်တွေ ဖတ်နိုင်တဲ့ forum လေးပါ [How to] Boot your real Windows partition with Parallels on Hackintosh - InsanelyMac Forum ... ဒီဓာတ်ပုံတွေ လည်း မိုက်တယ် ... ဒီဓာတ်ပုံတွေ လည်း မိုက်တာပဲဗျ... ဒီမှာလေ Nikon D40 နဲ့ ရိုက်ထားတဲ့ ပုံတဲ့ဗျာ... Nikon D700 ကြော်ငြာ တဲ့ဗျာ... သူ့ရှေ့က ဖြတ်သွားရင် flash မီးတွေ ပွင့်တယ်တဲ့... 20 Incredible Photo Manipulation Examples ဆားချက်ခြင်း အလုပ် ဒီတွင်ပြီး၏... My Labels: Photo, Links, Camera, Mac OS, Apple

Wireless အလှူပေးတာ ကာကွယ်ရအောင်...

အိမ်တွေ ရုံးတွေမှာ အင်တာနက် တပ်ကြတယ်... အင်တာနက်လိုင်းကို ခွဲသုံးဖို့ အတွက် Router ဝယ်တပ်ကြတယ်... ဝယ်တပ်လိုက်တဲ့ Router က Wireless (WiFi) ပါတယ်... Wireless လည်း သုံးချင်တယ် လုံခြုံအောင် ဘယ်လို ပိတ်ရမှန်းမသိတော့ default setting အတိုင်း သုံးကြတယ်... ဟော ဘေးပတ်ဝန်းကျင်က လူတွေပါ ကိုယ့်ရဲ့ wireless ကို အလွယ်တကူ မိပြီး ကိုယ့်ရဲ့ အင်တာနက်ကိုပါ သုံးလို့ရရော... ကျတော်တောင် ဒီပြီးခဲ့တဲ့ သင်္ကြန်တုန်းက အိမ်နားက လှူပေးတားတဲ့ Wireless လေးနဲ့ အလုပ်ဖြစ်လိုက်သေးတယ်... အဲဒီလို default setting တိုင်း တပ်ထားတဲ့ wireless တွေမှာ လုံခြုံမှုရှိအောင် လုပ်နည်းလေး ပြောပါ့မယ်... လတ်တလော ကျတော် သုံးဖြစ်နေတဲ့ SMC wireless router ပေါ်မှာ အခြေခံပြီး ပြောပါ့မယ်... Wireless router/access point တစ်ခုနဲ့ တစ်ခု setting ချရတာ သိပ်မကွာပါဘူး... ၁. ကျတော်တို့ wireless router ကို setting လှမ်းပြင်မယ့် ကွန်ပျူတာနဲ့ wireless router ကို network cable ကြိုးနဲ့ ချိတ်ဆက်ပါ... ၂. wireless router ရဲ့ default IP address ကို သိအောင်လုပ်ပါ... SMC wireless router မှာ 192.168.2.1 ပါ... ကွန်ပျူတာရဲ့ Cable ကြိုးနဲ့ ချိတ်ဆက်ထားတဲ့ LAN card ရဲ့

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News) MNL Cup 2009 မှာ ပထမဆုဒိုင်းကို ထိုက်တန်စွာ ဆွတ်ခူးရရှိတဲ့ မန္တလေး အခြေစိုက် Yadanarbon FC ဘောလုံးအသင်းရဲ့ Official Website http://www.yadanarbonfc.com/ ဟာ အင်တာနက်မှာ တရားဝင် ပေါ်ပေါက်လာဖြစ် ဖြစ်ပါတယ်... ဒီ Official website မပေါ်ပေါက်ခင်ကတည်းက Yadanarbon FC fan များ ကလည်း Yadanarbon FC fan website ရေးသားနေကြတယ်လို့ သတင်း ရရှိကြောင်းပါ... ဒါပေမယ့် အခုအချိန်အထိ အင်တာနက်ပေါ် လွှင့်တင်ထားခြင်းကို မတွေ့ရသေးပါဘူး... မန္တလေးမှာ... (Mandalay Gossips) လူသတ်မှုဖြစ်တယ်လို့ ကောလာဟလ ထွက်ရှိလာပြန်ပါတယ်... ဒေးဝန်းထဲမှာ ရှိတဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သုံးလောင်းပြိုင် လူသတ်မှု ဖြစ်တယ်လို့ ကြားရှိရပါတယ်... ပြီးခဲ့တဲ့ လအတွင်းကလည်း အလယ်တန်းအရွယ် ကျောင်းသူသတ်မှု၊ စင်တင် တစ်ခုက ဝိတ်တာကို သတ်မှုများ ဖြစ်ပေါ်ခဲ့တဲ့တယ် ကောလာဟလ ကြားရှိခဲ့ရပါတယ်... မန္တလေးမှာ... (Mandalay Weather News) မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီဥတု သာယာခဲ့ပြီး အခု သုံး - လေး ရက်တွင်း ပူပြင်းတဲ့ ရာသီဥတု ပြန်လည် ဖြစ်နေပါတယ်... အပူချိန်ဟာ နေ့ဘက်တင်မက ညဘက်ပါ ပူပြင်းလှပါတယ်... မန္တလေးမှာ..

ပုဂံကို ရောက်ခဲ့သေးတယ်...

၂၀၀၈ နိုဝင်ဘာတုန်းက သခင်ကြီးရယ် ကျတော်ရယ် ပုဂံနက်ရယ် ပုဂံသွားခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်... အဲဒီတုန်းက ကျတော်တို့ လှုပ်ရှားမှုတွေကို သခင်ကြီးက သူ့ရဲ့ Nikon P5100 နဲ့ movie မှတ်တမ်းတင်ခဲ့တယ်... သခင်ကြီးက အဲဒီ video ဖိုင် ကို FaceBook မှာ အခုပြီးခဲ့တဲ့ June လတုန်းက တင်လိုက်တယ်... အဲဒါကို ဆြာရဲလွင်ဦး က သဘောကျတော် မူပြီး ကျတော်တို့နဲ့ အတူ ပုဂံသွားချင်တယ်ဆိုလို့ ပြီးခဲ့တဲ့ လတုန်းက ပုဂံ ရောက်ခဲ့တယ်... ရဲလွင်ဦး က ရန်ကုန်ကနေ ပုဂံလာ၊ ကျတော်နဲ့ သခင်ကြီး က မန္တလေးက နေ ပုဂံသွားပေါ့... သတ်မှတ်ထားတဲ့ ရက်မှာ ကျတော် အလုပ်မပြီးတာနဲ့ သခင်ကြီး ကို တစ်ယောက်တည်း သွားခိုင်းပြီး နောက်တစ်ရက် လိုက်ခဲ့ပါ့မယ်လို့ အကြိမ်ကြိမ် ကတိပေးပြီး နောက်တစ်ရက်ကျမှ ကျတော် ပုဂံ သွားဖြစ်တယ်... ရထားနဲ့ ပုဂံကို တစ်ယောက်တည်းသွား... အလုပ်ပင်ပန်းလို့ အိပ်လိုက်သွားတာ ကျတော် အိပ်ယာနိုးတော့ ရထားတစ်တွဲလုံးမှာ ကျတော် အပါအဝင် လူ ၆-ယောက်လောက်ပဲ ကျန်တော့တယ်... တော်တော်များများက မြင်းခြံမှာ ဆင်းကြတယ်တဲ့လေ... ပုဂံရောက်တော့ သခင်ကြီးနဲ့ ရဲလွင်ဦးတည်းတဲ့ မေခလာ တည်းခိုခန်းကိုသွား... သူတို့ အိပ်ယာ မထကြသေးလို့ မနည်းနှိုးလိုက်ရတယ်... ပုဂံမှာ မြင်းလ

Myanmar Software Conference

Myanmar Computer Professionals Association (MCPA, Mandalay) No.304,Rayworld Complex, Bet 32nd Street & Zaw Ti Ka Street , Bet.77th Street & 78th Street Mandalay, Ph:09- 6806311, 6806511, 6806911 (Ext-207), email.address . [email protected] ======================================================================== သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံတွင် ITနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)က ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အသင်းခွဲများဖွဲ့စည်းပြီး ရည်ရွယ်ချက်များကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်ရန် အလေးထား ကြိုးစား ဆောင်ရွက်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (မန္တလေးတိုင်း) သည် ကွန်ပျူတာနည်းပညာ ပြန့်ပွားရေး၊ ကွန်ပျူတာကိုတွင်ကျယ်စွာ အသုံးပြုလာရေး၊ အဆင့်မီ ကွန်ပျူတာပညာရှင်များ ပေါ်ထွက်လာရေးတို့အတွက် နည်းပညာ ဟောပြောပွဲများကို အခါအားလျော်စွာ ကျင်းပပေးလျှက်ရှိပါသည်။ ဤဟောပြောပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း က မန္တလေးတိုင်းအတွက် ကမကထပြု စီစဉ်

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News) ရာသီဥတုက အရမ်းကို ပူတယ်... မနက် ရုံးမလာခင် ရေချိုး၊ ညနေ ရုံးပြန်ရောက် ရေချိုး တာနဲ့တောင် မလုံလောက်ချင်တော့ဘူး... အိပ်ခါနီးတောင် ရေချိုးရတော့မယ် ထင့်ပါ့ဗျာ... ကလေးတွေလည်း ပူလွန်းလို့ ည ည မအိပ်နိုင်ကြဘူး... ရာသီဥတု ပူလို့ထင်ပါရဲ့ သက်ကြီးရွယ်အိုတွေ ဖိတ်စင်တာတွေ ကြားနေရတယ်... သူငယ်ချင်း အဖွားတောင် မနေ့က ဆုံးသွားတယ်... မန္တလေးမှာ... (Mandalay News) သိပြီးသား ဖြစ်ကြမှာပါ... ဒီလ ၂၁-ရက်ကနေစပြီး မန္တလေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တော့မှာပါ... ရောင်းချသူရော သုံးစွဲသူရောပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တာကိုတော့ ကြိုဆိုပါတယ်... ချက်ချင်းကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတော့ ကြွတ်ကြွတ်အိတ် နဲ့ အသားကျနေတဲ့ မြို့သူ မြို့သားတွေနဲ့တော့ ခက်တော့မှာပဲ... လက်ဖက်ရည်ဝယ်သွားမယ်ဆို ခါတိုင်းလို လက်ဗလာကြီး သွားလို့ မဖြစ်တော့ဘူး ကြွတ်ကြွတ်အိတ် မထွန်းကားခင်ကလို တလုံးချိုင့်လေး ယူသွားမှရတော့မယ်... ယခင်နှစ်ကလည်း ကွမ်းယာကို ပလတ်စတစ်အိတ်နဲ့ထုပ် ပေးခြင်းကို ကန့်သတ် ခဲ့ပေမယ့်လည်း အခုအချိန်အထိ

မှတ်ထားဦးမှ... (IT Tips and Tricks)

» Symantec Endpoint ပရိုတက်ရှင်း (client) နဲ့ Symantec Endpoint ပရိုတက်ရှင်း မန်နေဂျာ (server) ချိတ်လား မချိတ်လား သိချင်ရင် Symantec Endpoint ပရိုတက်ရှင်း တင်ထားတဲ့ client ရဲ့ Internet Browser မှာ http://ဆာဗာလိပ်စာ-or-ip-address/secars/secars?hello,secars ရိုက်ထည့်ပြီး enter နှိပ်လိုက်ပါ... OK. လို့ပြန်ပြရင် ဆာဗာနဲ့ client ချိတ်ဆက်မှု ရှိတယ်... » Symantec Endpoint ပရိုတက်ရှင်းမှာ definition update လုပ်မယ်ဆိုရင် http://www.symantec.com/business/security_response/definitions/download/detail.jsp?gid=savce က .jdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec\Symantec Endpoint Protection Manager\data\inbox\content\incoming အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်... » Symantec Antivirus Corporate Server မှာ definition update လုပ်မယ်ဆိုရင် အပေါ် URL ထဲက .xdb ဖိုင်ကို download လုပ်ပြီး C:\Program Files\Symantec AntiVirus အောက် ထည့်လိုက်တာနဲ့ ဆာဗာနဲ့ချိတ်ဆက်နေတဲ့ client တွေမှာမှာ definition update လိုက်ဖြစ်သွားတယ်... My Labels: AntiV