Skip to main content

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News)
  • MNL Cup 2009 မှာ ပထမဆုဒိုင်းကို ထိုက်တန်စွာ ဆွတ်ခူးရရှိတဲ့ မန္တလေး အခြေစိုက် Yadanarbon FC ဘောလုံးအသင်းရဲ့ Official Website http://www.yadanarbonfc.com/ ဟာ အင်တာနက်မှာ တရားဝင် ပေါ်ပေါက်လာဖြစ် ဖြစ်ပါတယ်... ဒီ Official website မပေါ်ပေါက်ခင်ကတည်းက Yadanarbon FC fan များ ကလည်း Yadanarbon FC fan website ရေးသားနေကြတယ်လို့ သတင်း ရရှိကြောင်းပါ... ဒါပေမယ့် အခုအချိန်အထိ အင်တာနက်ပေါ် လွှင့်တင်ထားခြင်းကို မတွေ့ရသေးပါဘူး...

မန္တလေးမှာ... (Mandalay Gossips)
  • လူသတ်မှုဖြစ်တယ်လို့ ကောလာဟလ ထွက်ရှိလာပြန်ပါတယ်... ဒေးဝန်းထဲမှာ ရှိတဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သုံးလောင်းပြိုင် လူသတ်မှု ဖြစ်တယ်လို့ ကြားရှိရပါတယ်... ပြီးခဲ့တဲ့ လအတွင်းကလည်း အလယ်တန်းအရွယ် ကျောင်းသူသတ်မှု၊ စင်တင် တစ်ခုက ဝိတ်တာကို သတ်မှုများ ဖြစ်ပေါ်ခဲ့တဲ့တယ် ကောလာဟလ ကြားရှိခဲ့ရပါတယ်...

မန္တလေးမှာ... (Mandalay Weather News)
  • မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီဥတု သာယာခဲ့ပြီး အခု သုံး - လေး ရက်တွင်း ပူပြင်းတဲ့ ရာသီဥတု ပြန်လည် ဖြစ်နေပါတယ်... အပူချိန်ဟာ နေ့ဘက်တင်မက ညဘက်ပါ ပူပြင်းလှပါတယ်...

မန္တလေးမှာ... (Mandalay News)
  • မန္တလေးမှာ ကြွတ်ကြွတ်အိတ် အသုံးပြုခြင်းကို တားမြစ်တာ ၁-လ ပြည့်တော့မှာ ဖြစ်ပါတယ်... ဒါပေမယ့် အချို့စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကတော့ အခုအချိန်အထိ အသုံးပြုနေကြပြီး အချို့ကတော့ ကြွတ်ကြွတ်အိတ် အစားထိုး ပလတ်စတစ်အိတ်များကို ပြောင်းလဲ အသုံးပြုကြပါတယ်... ကြွတ်ကြွတ်အိတ် ပုံစံ လက်ကိုင်ပါတဲ့ ပလတ်စတစ်အိတ်များကို အများဆုံး အသုံးပြုလာကြပြီး ဈေးနှုန်းမှာ ကြွတ်ကြွတ်အိတ်ထက် ပိုဈေးကြီးတယ်လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲသူများကို ဒဏ်ငွေရိုက် နေတယ်လို့ ကောလာဟလများထွက် ပေါ်နေသော်လည်း သတင်းစာ၊ ဂျာနယ်ပါ သတင်းများအရ ကြွတ်ကြွတ်အိတ် သုံးစွဲသည်ကို တွေ့ရှိပါက ပစ္စည်းသိမ်းဆည်းမှုသာ ပြုလုပ်နေကြောင်းနဲ့ ဒဏ်ငွေရိုက်ပါက တိုင်ကြားနိုင်တယ်လို့ သိရှိရကြောင်းပါ...

My Labels: Mandalay, News, Gossips, Rumors, Myanmar, Burma, ကောလာဟလ, ကောလဟလ, သတင်း, အတင်း, အတင်းအဖျင်း

Comments

blueskyforest said…
မန္တလေးသတင်းများ စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။ တင်ပြပေးတဲ့အတွက် ကျေးဇူးပါ။ ကျွတ်ကျွတ်အိတ်နဲ့ ဘော်လုံးကိစ္စ ထပ်သိချင်ပါသေးတယ်။ ကျယ်ကျယ်ပြန့် ပြန့်လေးပေါ့။ မန္တလေးက ဘောလုံးသမားတွေရဲ့ ဘ၀က တကယ်ပဲ ပြောင်းလဲသွားပြီလား။ ကျွတ်ကျွတ်အိတ်တော်လှန်ရေး တကယ်ပဲအောင်မြင်နိုင်ပါ့မလား။ စသဖြင့်ပေါ့ဗျာ။ ကျန်းမာပါစေ။
Cruser said…
wonderful information, I had come to know about your blog from my friend nandu , hyderabad,i have read atleast 7 posts of yours by now, and let me tell you, your website gives the best and the most interesting information. This is just the kind of information that i had been looking for, i'm already your rss reader now and i would regularly watch out for the new posts, once again hats off to you! Thanks a ton once again, Regards, gossips

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...