Skip to main content

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News)
  • MNL Cup 2009 မှာ ပထမဆုဒိုင်းကို ထိုက်တန်စွာ ဆွတ်ခူးရရှိတဲ့ မန္တလေး အခြေစိုက် Yadanarbon FC ဘောလုံးအသင်းရဲ့ Official Website http://www.yadanarbonfc.com/ ဟာ အင်တာနက်မှာ တရားဝင် ပေါ်ပေါက်လာဖြစ် ဖြစ်ပါတယ်... ဒီ Official website မပေါ်ပေါက်ခင်ကတည်းက Yadanarbon FC fan များ ကလည်း Yadanarbon FC fan website ရေးသားနေကြတယ်လို့ သတင်း ရရှိကြောင်းပါ... ဒါပေမယ့် အခုအချိန်အထိ အင်တာနက်ပေါ် လွှင့်တင်ထားခြင်းကို မတွေ့ရသေးပါဘူး...

မန္တလေးမှာ... (Mandalay Gossips)
  • လူသတ်မှုဖြစ်တယ်လို့ ကောလာဟလ ထွက်ရှိလာပြန်ပါတယ်... ဒေးဝန်းထဲမှာ ရှိတဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သုံးလောင်းပြိုင် လူသတ်မှု ဖြစ်တယ်လို့ ကြားရှိရပါတယ်... ပြီးခဲ့တဲ့ လအတွင်းကလည်း အလယ်တန်းအရွယ် ကျောင်းသူသတ်မှု၊ စင်တင် တစ်ခုက ဝိတ်တာကို သတ်မှုများ ဖြစ်ပေါ်ခဲ့တဲ့တယ် ကောလာဟလ ကြားရှိခဲ့ရပါတယ်...

မန္တလေးမှာ... (Mandalay Weather News)
  • မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီဥတု သာယာခဲ့ပြီး အခု သုံး - လေး ရက်တွင်း ပူပြင်းတဲ့ ရာသီဥတု ပြန်လည် ဖြစ်နေပါတယ်... အပူချိန်ဟာ နေ့ဘက်တင်မက ညဘက်ပါ ပူပြင်းလှပါတယ်...

မန္တလေးမှာ... (Mandalay News)
  • မန္တလေးမှာ ကြွတ်ကြွတ်အိတ် အသုံးပြုခြင်းကို တားမြစ်တာ ၁-လ ပြည့်တော့မှာ ဖြစ်ပါတယ်... ဒါပေမယ့် အချို့စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကတော့ အခုအချိန်အထိ အသုံးပြုနေကြပြီး အချို့ကတော့ ကြွတ်ကြွတ်အိတ် အစားထိုး ပလတ်စတစ်အိတ်များကို ပြောင်းလဲ အသုံးပြုကြပါတယ်... ကြွတ်ကြွတ်အိတ် ပုံစံ လက်ကိုင်ပါတဲ့ ပလတ်စတစ်အိတ်များကို အများဆုံး အသုံးပြုလာကြပြီး ဈေးနှုန်းမှာ ကြွတ်ကြွတ်အိတ်ထက် ပိုဈေးကြီးတယ်လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲသူများကို ဒဏ်ငွေရိုက် နေတယ်လို့ ကောလာဟလများထွက် ပေါ်နေသော်လည်း သတင်းစာ၊ ဂျာနယ်ပါ သတင်းများအရ ကြွတ်ကြွတ်အိတ် သုံးစွဲသည်ကို တွေ့ရှိပါက ပစ္စည်းသိမ်းဆည်းမှုသာ ပြုလုပ်နေကြောင်းနဲ့ ဒဏ်ငွေရိုက်ပါက တိုင်ကြားနိုင်တယ်လို့ သိရှိရကြောင်းပါ...

My Labels: Mandalay, News, Gossips, Rumors, Myanmar, Burma, ကောလာဟလ, ကောလဟလ, သတင်း, အတင်း, အတင်းအဖျင်း

Comments

blueskyforest said…
မန္တလေးသတင်းများ စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။ တင်ပြပေးတဲ့အတွက် ကျေးဇူးပါ။ ကျွတ်ကျွတ်အိတ်နဲ့ ဘော်လုံးကိစ္စ ထပ်သိချင်ပါသေးတယ်။ ကျယ်ကျယ်ပြန့် ပြန့်လေးပေါ့။ မန္တလေးက ဘောလုံးသမားတွေရဲ့ ဘ၀က တကယ်ပဲ ပြောင်းလဲသွားပြီလား။ ကျွတ်ကျွတ်အိတ်တော်လှန်ရေး တကယ်ပဲအောင်မြင်နိုင်ပါ့မလား။ စသဖြင့်ပေါ့ဗျာ။ ကျန်းမာပါစေ။
Cruser said…
wonderful information, I had come to know about your blog from my friend nandu , hyderabad,i have read atleast 7 posts of yours by now, and let me tell you, your website gives the best and the most interesting information. This is just the kind of information that i had been looking for, i'm already your rss reader now and i would regularly watch out for the new posts, once again hats off to you! Thanks a ton once again, Regards, gossips

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...