Skip to main content

Myanmar Software Conference

Myanmar Computer Professionals Association (MCPA, Mandalay)
No.304,Rayworld Complex, Bet 32nd Street & Zaw Ti Ka Street , Bet.77th
Street & 78th Street
Mandalay, Ph:09- 6806311, 6806511, 6806911 (Ext-207), email.address .
[email protected]
========================================================================

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် ITနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန်မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (MCPA)က ကြိုးပမ်း ဆောင်ရွက်လျှက် ရှိပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အသင်းခွဲများဖွဲ့စည်းပြီး ရည်ရွယ်ချက်များကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖော်နိုင်ရန် အလေးထား ကြိုးစား ဆောင်ရွက်လျှက်ရှိပါသည်။
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း (မန္တလေးတိုင်း) သည် ကွန်ပျူတာနည်းပညာ ပြန့်ပွားရေး၊ ကွန်ပျူတာကိုတွင်ကျယ်စွာ အသုံးပြုလာရေး၊ အဆင့်မီ ကွန်ပျူတာပညာရှင်များ ပေါ်ထွက်လာရေးတို့အတွက်
နည်းပညာ ဟောပြောပွဲများကို အခါအားလျော်စွာ ကျင်းပပေးလျှက်ရှိပါသည်။ ဤဟောပြောပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်း က မန္တလေးတိုင်းအတွက် ကမကထပြု စီစဉ် ကျင်းပပေးခြင်း ဖြစ်ပါသည်။ ထို့အတူ မြန်မာနိုင်ငံအသင်းအနေဖြင့် အခြားတိုင်းနှင့် ပြည်နယ်များသို့လည်း တစ်နှစ်တစ်ကြိမ်ကျ ဟောပြောပွဲများကို ကမကထပြု ကျင်းပပေးလျှက်ရှိပါသည်။
ယခုဟောမည့် ပုဂိ္ဂုလ်များသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ အလုပ်အမှုဆောင် အဖွဲ့ဝင်များလည်း ဖြစ်ကြသလို မြန်မာနိုင်ငံ၏ ITကဏ္ဍကို ဖော်ဆောင်လျှက်ရှိသည့် ကုမ္ပဏီကြီးများမှ ဦးဆောင်ပုဂ်္ဂိုလ်များလည်း ဖြစ်ကြပါသည်။
ယနေ့ လူငယ်များ၏ အနာဂတ်အတွက် သူတို့ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ ပေးဆပ်ခဲ့ရမှုတွေ၊ ကိုယ်စိတ်နှလုံး အတွေ့အကြုံတွေကိုမျှဝေခံစားပြီး တိုးတက်စေချင်တဲ့ ဆန္ဒနဲ့ ဟောပြောပေးခြင်းဖြစ်ပါတယ်။

ဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ….

၁။ Ways of Learning Programming
ဦးဝင်းထိန်ဝင်း(Auditor [MCPA], MD [Gusto])

၂။ Foundation of Software Development
ဦးဇော်မိုးထွန်း (EC [MCPA], Technical Director [MIT])

၃။ Essential Skill and Knowledge of Software Engineering
ဦးရဲရင့်ဝင်း(Joint-Secretary [MCPA], MD [BizSoft])

၎။ Current Application Development Trend
ဦးထွန်းခိုင် (EC [MCPA], Director [Integra])

နေရာ : ဆရာဝန်အသင်းတိုက်၊၃၁လမ်း နှင့် ၇၀လမ်းဒေါင့်၊ မန္တလေး။

ရက်စွဲ : ၂၇ ရက်၊ ဇွန်လ၊ ၂၀၀၉ (စနေနေ့)

အချိန် : နံနက် (၈း၃၀) နာရီတိတိ။


My Lables: IT News, Mandalay, Myanmar,

Comments

Anonymous said…
မီးမှမှန်မှန်မလာဘဲ ကိုမောင်လှရယ်။
linmgmg said…
ဟုတ်သားပဲ ကိုမောင်လှရယ်... :P

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...