မန္တလေးမှာ... (Mandalay News) MNL Cup 2009 မှာ ပထမဆုဒိုင်းကို ထိုက်တန်စွာ ဆွတ်ခူးရရှိတဲ့ မန္တလေး အခြေစိုက် Yadanarbon FC ဘောလုံးအသင်းရဲ့ Official Website http://www.yadanarbonfc.com/ ဟာ အင်တာနက်မှာ တရားဝင် ပေါ်ပေါက်လာဖြစ် ဖြစ်ပါတယ်... ဒီ Official website မပေါ်ပေါက်ခင်ကတည်းက Yadanarbon FC fan များ ကလည်း Yadanarbon FC fan website ရေးသားနေကြတယ်လို့ သတင်း ရရှိကြောင်းပါ... ဒါပေမယ့် အခုအချိန်အထိ အင်တာနက်ပေါ် လွှင့်တင်ထားခြင်းကို မတွေ့ရသေးပါဘူး... မန္တလေးမှာ... (Mandalay Gossips) လူသတ်မှုဖြစ်တယ်လို့ ကောလာဟလ ထွက်ရှိလာပြန်ပါတယ်... ဒေးဝန်းထဲမှာ ရှိတဲ့ ဘုန်ကြီးကျောင်း တစ်ကျောင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး သုံးလောင်းပြိုင် လူသတ်မှု ဖြစ်တယ်လို့ ကြားရှိရပါတယ်... ပြီးခဲ့တဲ့ လအတွင်းကလည်း အလယ်တန်းအရွယ် ကျောင်းသူသတ်မှု၊ စင်တင် တစ်ခုက ဝိတ်တာကို သတ်မှုများ ဖြစ်ပေါ်ခဲ့တဲ့တယ် ကောလာဟလ ကြားရှိခဲ့ရပါတယ်... မန္တလေးမှာ... (Mandalay Weather News) မန္တလေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာသီဥတု သာယာခဲ့ပြီး အခု သုံး - လေး ရက်တွင်း ပူပြင်းတဲ့ ရာသီဥတု ပြန်လည် ဖြစ်နေပါတယ်... အပူချိန်ဟာ နေ့ဘက်တင်မက ညဘက်ပါ ပူပြင်းလှပါတယ်... မန္တလေးမှာ.....
MgHla's ဒိုင်ယာရီ