Skip to main content

Posts

ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃအစည်းဝေးကြီး ကျင်းပမည်

၁၇-ကြိမ်မြောက် သာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဂိုဏ်းလုံးကျွတ် သံဃအစည်းဝေးကြီးကို လာမယ့် ဖေဖော်ဝါရီလ ၆-ရက်နေ့ကစပြီး ၈-ရက်နေ့အထိ မန္တလေးတောင်ခြေမှာ ရှိတဲ့ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးမှာ ကျင်းပပြုလုပ်မယ်လို့ နန်းတွင်း မြောက်ဘက် တံတားအထွက် မီးပွိုင့်၊ ဂေါက်ကွင်းသွားတဲ့လမ်းမပေါ်မှာ မုဒ်ဦးပြုလုပ်ပြီး ဖော်ပြရေးသားထားပါတယ်... ဒါအပြင် billboard ဖြင့်ပါ “သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ” ဆိုပြီး တင်ထားပါတယ်... ယင်း billboard နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ နေရာကို အဓိက ရည်ရွယ်တယ်လို့ ထင်ရပါတယ်... My Labels: Mandalay News

ဘာရယ်တော့မဟုတ်ပါဘူး...

ဘာရယ်တော့မဟုတ်ပါဘူး... ရန်ကုန်က ပြန်လာပြီးကတည်းက အလုပ်ရှုပ်သလိုလို၊ ပျင်းသလိုလို ဖြစ်ပြီး ဘလော့မရေးဖြစ်ဘူး... ကဲဆားချက်လိုက်ဦးမယ်... ရန်ကုန်ရုံးက ဘော်ဒါ မန်နေဂျာက သင်ပေါင်းပိုး လိုက်ကြွေးမယ် ဆိုတာနဲ့ တရုတ်တန်းရောက် သွားတယ်... သင်ပေါင်းပိုး မမြင်ဖူး မစားဖူးလို့ လိုက်သွားတယ်... သင်ပေါင်းပိုးတွေကို စတီးဗန်းထဲမှာ ရေစိမ်ထားတယ်... တစ်ကောင်ကို ၄၀၀-ကျပ်၊ ၅၀၀-ကျပ်၊ ၇၀၀-ကျပ် တဲ့... အစိမ်းလိုက်လည်း စားလို့ရသလို ကြော်ပြီးတော့လည်း စားလို့ရတယ်... ဆားခါးဆိုလား ဘာဆိုလား မသိပါဘူး... လျှက်ဆားလို ဟာမျိုးနဲ့ တို့စားရတယ်... အပေါ်ပုံ ၂-ပုံက အရှင်တွေ၊ အောက်ဆုံးပုံက ကြော်ထားတာပါ... အဲဒီနေ့က လိုရှင်းမင်းသမီးလည်း သင်ပေါင်းပိုးနဲ့ ဒုတ်ထိုးလာစားတယ်... :D Nikon D40 | ISO800 | 32mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire Nikon D40 | ISO800 | 55mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire Nikon D40 | ISO800 | 26mm (18~55mm Kit Lens) | f/4.5 | 1/15sec | Flash - Did not fire

Letter from U Kovida

မင်္ဂလာပါဒါယကာကိုမောင်လှ ဦးဇင်းစာရေးဆက်သွယ်လိုက်ပါတယ်ဒါယကာ။ဦးဇင်းရဲ့ဘလော့က www.kovida.multiply.com ပါဒါယကာ။ ဦးဇင်းဒါယကာထံမှအကူအညီအနည်းငယ်တောင်းလိုပါတယ်။ ဒါယကာ ကူညီနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်။ အဲဒါကတော့ ဦးဇင်း အခု စစ်ကိုင်းတောင်မှာ သင်တန်းအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ် နေပါတယ် ဒါယကာ ။ အဲဒီသင်တန်းမှာ လူတွေကိုပါ အခမဲ့ သင်ကြားပေးဖို့စီစဉ်နေပါတယ်။ အဲဒီ သင်တန်းအတွက် လူတော်တွေကို လျှောက်လွှာခေါ်ယူခဲ့ရာမှာ လာေ၇ာက်လျှောက်ထားသူ ဦးရေ ၅၀ ဦးခန့်ရှီသွားပါပြီ ဒါယက အခုအဲဒီသင်တန်းမှာ ကွန်ပျူတာများ ထပ်မံတိုးချဲ့ဖို့ အတွက် အလှူရှင်များ လိုအပ်နေပါတယ် ဒါယကာ။ မီးအတွက်လည်း မီးစက် အလှူရှင် မရှိသေးဘူးဖြစ်နေပါတယ် ဒါယကာ။ အဲဒီသင်တန်း အတွက် ကွန်ပျူတာနဲ့ မီးစက်အလှူရှင်များလိုအပ်ကြောင်းကို ပိုစ့်တစ်ခု အနေနဲ့ ဒါယကာရဲ့ ဘလော့မှာ တင်ပေးစေလိုပါတယ် ဒါယကာ။ ဒါယကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ၍ ပညာပါရမီ ဖြည့်ဆည်းနိုင်သော အမျိုးကောင်းသားတစ်ဦးဖြစ်ပါစေ။ ဓါတ်ပုံတွေ လိုအပ်ရင်တော့ ဥိးဇင်းရဲ့ ဘလော့မှာ ယူသုံးလို့ရပါတယ် ဒါယကာ။

Self Portrait with Light Painting

NativeMyanmar မှာ ကိုမောင်ရိုး ရိုက်ထားတဲ့ စတိုင်မြင်ပြီး ရိုက်ချင်စိတ် ပေါ်လာတာနဲ့ မနေ့က စမ်းရိုက်ထားတာပါ... မော်ဒယ်က ရုပ်ဆိုးတော့ ခွင့်လွှတ်ပါ... မော်ဒယ်ကို ပြချင်တာ မဟုတ်ပါဘူး... အလန်းတန်းတွေကို ပြချင်တာပါ... အဖြူရောင် အလင်းတန်းတွေကို ကျတော့်ရဲ့ ညာဘက်လက်မှာကိုင်ထားတဲ့ ဓာတ်မီးလေးနဲ့ ဖန်တီးထားတာပါ... Camera: Nikon D40 | Lens: 18~55mm Kit Lens | ISO: 200 | Shutter Speed: 20 sec | Aperture: 7.1 | Flash: Built-in Flash REAR My Labels: Photo, Self portrait, Light painting photo

မနေ့က...

မြန်မာ ၁-ယောက်ရဲ့ Where are you come from? လို့ အမေးခံရတဲ့ ည... ကိုစာပြောတဲ့ ဘကုန်းတွေ သောက်ကြတဲ့ Baron Beer သောက်ပြီး မူးတဲ့ညပေါ့... မှတ်မှတ်ရရ လွတ်လပ်ရေးနေ့မှန်း မသိရတဲ့ မန်းလေးမြို့ရဲ့ တခေတ်တခါက ဗိုလ်ချုပ် ကြေးရုပ် ရှိခဲ့ဖူးပြီး ရေပေါ် စားသောက်ဆိုင်တွေ ရှိခဲ့ဖူးတဲ့ ကျုံးထောင့်နားက မီးပွိုင့်ပေါ့ဗျာ... My Labels: Photos, Mandalay, Myanmar, Night shot

Hibernate Enable in Vista

Vista သုံးတော့ Hibernate မတွေ့မိဘူး... အဲဒါနဲ့ Google နဲ့ ရှာလိုက်တော့ ဒီမှာ လာတွေ့မယ် ... ဒီhowtogeek.com ထဲက အကြောင်းအရာလေးတွေလည်း ကောင်းတယ်နော်... cmd နဲ့ command promt ထဲသွားပြီး powercfg /hibernate on ဆိုပြီး ရိုက်ထည့် ပေးပြီးတဲ့ အခါ Shut Down command ရွေးတဲ့နေရာမှာ Hibernate ဆိုပြီး ပေါ်လာရောဗျာ... Hibernate နဲ့ ကွန်ပျူတာကို ပိတ်လိုက်ရင် ကွန်ပျူတာ မပိတ်ခင်က အသုံးပြုနေတဲ့ software တွေကို နောက်တစ်ကြိမ်ပြန်ဖွင့်တဲ့အခါ hibernate မလုပ်ခင် အခြေအနေက အတိုင်း ပြန်လုပ်ပေးတာပါ... ဥပမာ - Hibernate နဲ့ ကွန်ပျူတာ မပိတ်ခင် Firefox, Photoshop, MS Word တွေ သုံးနေတယ်... Hibernate လုပ်ပြီး ကွန်ပျူတာကို ပိတ်လိုက်တယ်... ကွန်ပျူတာ ပြန်ဖွင့်တဲ့အခါ Firefox, Photoshop, MS Word တွေ ကို အရင် သုံးနေတဲ့ အခြေ အနေအတိုင်း ပြန်မြင်ရပါမယ်... Thanks to http://www.howtogeek.com My Labels: Windows Vista, How to

မောင်လှရေ...

ပထမဆုံး နှုတ်ဆက်ချင်တာကတော့ Happy New Year ပါ... ပျော်ရွှင်စရာ အတိနဲ့ ပြီးပြည့်စုံတဲ့၊ တတိုင်းရနိုင်တဲ့ 2009 ခုနှစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... မောင်လှရေ... မှတ်ထားဦးဗျ... Windows XP ကြိုက်လွန်းလို့ ရုံးက ဝယ်ပေးတဲ့ laptop မှာပါလာတဲ့ Vista Home Premium ကို ဖြုတ်ချပြီး မရမက XP တင်သုံးနေတာကနေ... စမ်းထားတဲ့ တင်ထားတဲ့ software များလာလို ထင်ပါရဲ့ နှေးနှေးလာလို့ format ချပြီး Vista ပြန်တင်သုံးဖြစ်တယ်... Vista နောက် ထွက်လာမယ့် windows မှာလည်း vista ကို အခြေခံနိုင်တယ်လို့ ယူဆပြီး စွဲစွဲမြဲမြဲ သုံးနေတဲ့ XP အစား Vista ပြောင်းသုံး ဖြစ်တာပါ... အရင်က အခြား Disk Management Tool တစ်ခုခုကို သုံးပြီး လုပ်ရတဲ့ Partition ချုံ့တာ၊ ချဲ့တာ လုပ်တဲ့ လုပ်ဆောင်ချက် Vista မှာ ပါလာတာ သတိထားမယ်တယ်... Control Panel ထဲက Administrative Tools ထဲကမှ Computer Managment ကိုဖွင့်ပါ... Computer Managment ပွင့်လာပြီ ဆိုရင် ... ဘယ်ဘက် ကော်လံထဲက Storage အောက် Disk Manage ment ကို ရွေးပါ... စက်ထဲမှာ ရှိတဲ့ Hard Disk နဲ့ partition များကို ပြပါလိမ့်မယ်... မိမိ ချုံ့/ချဲ့လိုတဲ့ partition ပေါ် right click လုပ်လိုက်ပါ... ပေါ်