Skip to main content

Self Portrait with Light Painting

NativeMyanmar မှာ ကိုမောင်ရိုး ရိုက်ထားတဲ့ စတိုင်မြင်ပြီး ရိုက်ချင်စိတ် ပေါ်လာတာနဲ့ မနေ့က စမ်းရိုက်ထားတာပါ... မော်ဒယ်က ရုပ်ဆိုးတော့ ခွင့်လွှတ်ပါ... မော်ဒယ်ကို ပြချင်တာ မဟုတ်ပါဘူး... အလန်းတန်းတွေကို ပြချင်တာပါ... အဖြူရောင် အလင်းတန်းတွေကို ကျတော့်ရဲ့ ညာဘက်လက်မှာကိုင်ထားတဲ့ ဓာတ်မီးလေးနဲ့ ဖန်တီးထားတာပါ...



Camera: Nikon D40 | Lens: 18~55mm Kit Lens |
ISO: 200 | Shutter Speed: 20 sec | Aperture: 7.1 |
Flash: Built-in Flash REAR

My Labels: Photo, Self portrait, Light painting photo

Comments

chocothazin said…
ကိုမောင်လှရဲ့ ဘလော့ လင့်လေးယူသွားပါတယ်
ညွှန်းပေးမလို့ ပါ
This comment has been removed by the author.
ကိုမောင်လှရေ..တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ဟိုတစ်နေ့က TV မှာအာဖရိကန်မော် ဒယ်လ်တစ်ယောက်ကို ဒီလိုမျိုး အလင်းတန်းတွေကစားပြီး စတူဒီယိုထဲမှာ ရိုက် တဲ့အကြောင်းကြည့်မိပြီး ဒီအကြောင်းကို စဉ်းစားနေ တာဗျ...။ ဒီပုံကို ကြိုက်တယ်။

ဒီတစ်ခါ ထူးထူးခြားခြား Exif ထည့်ပေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ လေ့လာနေတဲ့သူတွေအတွက် ဒီ Data တွေက တကယ်တန်ဖိုးရှိပါတယ်။
MgHla said…
@Nyi Linn Thit
ကျေးဇူးပါ... Exif တွေထည့်ဖို့အတွက် ပြန်ရိုက်ရမှာ ပျင်းလို့ အရင်က မထည့်ဖြစ်တာပါ...
Unknown said…
မိုက်ပါ့ ဗျာ။ လိုက်လုပ်ဦးမှ
ကိုမောင်လှရေ...
အယ်အေက သီးလေးသီးပွဲ...
အယ်အေမှာ ပထမဦးဆုံးလုပ်တဲ့ ခမ်းနားထည်ဝါတဲ့ အငြိမ့်ပွဲ...
ရုံဝင်ခငွေနဲ့ ဆုံးဖြတ်လို့ မရတဲ့ပွဲ...
သီးလေးသီးက သူတို့  အားခဲထားသမျှ စိတ်ရောကိုယ်ပါ အိပ်သွန်ဖာမှောက် ရှိသမျှကို ပေးသွားတဲ့ပွဲ...
ပရိတ်သတ်ကလည်း သူတို့ နဲ့ တသားတည်းကျကာ ရှိသမျှ ပူပင်သောကတွေ (ခေတ္တ) ပျောက်သွားစေတဲ့ပွဲ...
ပွဲစီစဉ်သူတွေကလည်း ငွေကို အဓိကမထား အချိန်ပို ၃ နာရီကို (မမျော်လင့်ထားပဲ) တိုးစေတဲ့ပွဲ...
အယ်အေရာဇ၀င်မှာ ဆုကြေးငွေ အများဆုံးရတဲ့ပွဲ...
ပွဲကြည့်သူများ ပွဲပြီးသွားတော့ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်တဲ့ပွဲ...
ပရိတ်သတ်များ အားရကျေနပ်သလို...စီစဉ်သူများ ငွေကုန် လူပန်း နပ်တဲ့ပွဲ...
အဲဒါ အယ်အေက သီးလေးသီးပွဲ...
ပြည်သူတို့ ရဲ့ပွဲ...
manawphyulay said…
ကိုမောင်လှရေ...
ရေလည် လန်းတယ် ပုံတွေက ရှယ်ပဲ... နည်းနည်းပါးပါး သင်ပေးပါဦး... ညီမလေးဆီလည်း လာလည်ဦးလေ...
www.goldmyanmar.myanmarbloggers.org
www.yamin.iblogger.org

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...