gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Letter from U Kovida

မင်္ဂလာပါဒါယကာကိုမောင်လှ
ဦးဇင်းစာရေးဆက်သွယ်လိုက်ပါတယ်ဒါယကာ။ဦးဇင်းရဲ့ဘလော့က www.kovida.multiply.com ပါဒါယကာ။ ဦးဇင်းဒါယကာထံမှအကူအညီအနည်းငယ်တောင်းလိုပါတယ်။ ဒါယကာ ကူညီနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်။ အဲဒါကတော့ ဦးဇင်း အခု စစ်ကိုင်းတောင်မှာ သင်တန်းအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ် နေပါတယ် ဒါယကာ ။ အဲဒီသင်တန်းမှာ လူတွေကိုပါ အခမဲ့ သင်ကြားပေးဖို့စီစဉ်နေပါတယ်။ အဲဒီ သင်တန်းအတွက် လူတော်တွေကို လျှောက်လွှာခေါ်ယူခဲ့ရာမှာ လာေ၇ာက်လျှောက်ထားသူ ဦးရေ ၅၀ ဦးခန့်ရှီသွားပါပြီ ဒါယက အခုအဲဒီသင်တန်းမှာ ကွန်ပျူတာများ ထပ်မံတိုးချဲ့ဖို့ အတွက် အလှူရှင်များ လိုအပ်နေပါတယ် ဒါယကာ။ မီးအတွက်လည်း မီးစက် အလှူရှင် မရှိသေးဘူးဖြစ်နေပါတယ် ဒါယကာ။ အဲဒီသင်တန်း အတွက် ကွန်ပျူတာနဲ့ မီးစက်အလှူရှင်များလိုအပ်ကြောင်းကို ပိုစ့်တစ်ခု အနေနဲ့ ဒါယကာရဲ့ ဘလော့မှာ တင်ပေးစေလိုပါတယ် ဒါယကာ။ ဒါယကာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ၍ ပညာပါရမီ ဖြည့်ဆည်းနိုင်သော အမျိုးကောင်းသားတစ်ဦးဖြစ်ပါစေ။ ဓါတ်ပုံတွေ လိုအပ်ရင်တော့ ဥိးဇင်းရဲ့ ဘလော့မှာ ယူသုံးလို့ရပါတယ် ဒါယကာ။

Comments

Ad